အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်း တပ်ကုန်းမြို့နယ် ကျေးရွာအုပ်စုများမှ  တာဝန်ရှိသူများ တွေ့ဆုံ

တပ်ကုန်း ဖေဖော်ဝါရီ ၂၉

အမှတ်(၁) ကာကွယ်ရေးပစ္စည်းစက်ရုံမှ စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်း ဦးစီးသည့်အဖွဲ့သည် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်ဥတ္တရခရိုင်၊ တပ်ကုန်းမြို့နယ်၊ ကပစ(၁) စည်းရုံးရေးနယ်မြေအတွင်းရှိ အုန်းပင်ကျေးရွာအုပ်စု၊ ကြက်သွန်ခင်းကျေးရွာအုပ်စု၊ ညောင်လွန်ကျေးရွာအုပ်စု၊ သစ်ဆိန့်ပင်ကျေးရွာအုပ်စု၊ ကျောက်စရစ်ကုန်းကျေးရွာအုပ်စု၊ ဥသျှစ်ကုန်းကျေးရွာအုပ်စုတို့မှ အုပ်ချုပ်ရေးမှူးများ၊ ရာအိမ်မှူးများ၊ ရပ်မိ၊ ရပ်ဖများ၊ ပြည်သူစစ်ဌာနေခေါင်းဆောင်များအား တွေ့ဆုံရှင်းလင်းခြင်းကို ယမန်နေ့နံနက်ပိုင်းက အုန်းပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံတွင် ကျင်းပခဲ့သည်။

တွေ့ဆုံပွဲတွင် စက်ရုံမှူး ဗိုလ်မှူးကြီး ဇော်မျိုးမင်းက ကျေးရွာလုံခြုံရေးဆိုင်ရာကိစ္စရပ်များ၊ ပြည်သူစစ်အင်အားတိုးချဲ့ဖွဲ့စည်းနိုင်ရေး၊ အဖျက်အမှောက်လုပ်ငန်းများမရှိစေရေးအကြောင်းများနှင့်ပတ်သက်၍ ရှင်းလင်းမှာကြားခဲ့ပြီးနောက် အုန်းပင်ကျေးရွာ၊ ဘုန်းတော်ကြီးကျောင်းတိုက်၊ ကျောင်းထိုင်ဆရာတော် ဥူးဓမ္မပါလထံ ဆွမ်းဆန်တော် ၂၄ ပြည်ဝင်တစ်အိတ်၊ သကြားသုံးပိဿာ၊ ကုလားပဲသုံးပိဿာ၊ စားအုန်းဆီတစ်ပိဿာ၊ နို့ဆီရှစ်ဘူးနှင့်ဝတ္ထုငွေ ၅၀၀၀၀ ကျပ်အား ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။

တင်စိုးလွင်