ကလောမြို့နယ်၌ “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင် ဖြန့်ဝေ

ကလော ဖေဖော်ဝါရီ ၂၉

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ်တွင် ပြည်သူများအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာအချက်အလက်များကို ကျယ်ကျယ်ပြန့်ပြန့်နားလည်သိရှိစေရန် ရည်ရွယ်၍ ယနေ့မွန်းလွဲပိုင်းက လူစည်ကားရာနေရာများတွင် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

ထို့သို့ဆောင်ရွက်ရာတွင် ကလောမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိနှင့် ဝန်ထမ်းများက ပြည်သူများသိရှိနားလည်နိုင်စေရန် လူစည်ကားသည့် ကလောမြို့မဈေး၊ ဖြတ်သန်းသွားလာသူများ၊ ဈေးရောင်း၊ ဈေးဝယ်ပြည်သူများ၊ လမ်းဆုံများတွင် ဖြတ်သန်းသွားလာသည့် ပြည်သူများအား ပြည်သူ့စစ်မှုထမ်းဥပဒေနှင့်စပ်လျဉ်း၍ အသိပညာပေးခြင်းနှင့် “ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ” သတင်းစကားလက်ကမ်းစာစောင်များ ဖြန့်ဝေပေးခဲ့ကြသည်။

အဆိုပါ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းသိကောင်းစရာ လက်ကမ်းစာစောင်တွင် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏မိန့်ခွန်းကောက်နှုတ်ချက်နှင့် အမျိုးသားရေးတာဝန်များ၊ ပြည်သူ့စစ်မှုထမ်းဥပဒေရည်ရွယ်ချက်နှင့် ကျင့်သုံးရသည့်အကြောင်း၊ စိုးရိမ်ရန်မလိုသည့်အချက်များ၊ ပြည်သူ့စစ်မှုထမ်းတို့၏ခံစားခွင့်များ၊ စစ်မှုထမ်းရမည့်အသက်အရွယ်၊ မည်သည်ကြောင့်ပြည်သူ့စစ်မှုထမ်းစနစ်ကျင့်သုံးရတာလဲ၊ စစ်မှုထမ်းရန်ကာလ စသည်ဖြင့် ထည့်သွင်းဖော်ပြထားကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)