သာပေါင်း ဖေဖော်ဝါရီ ၂၉
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တည်ဆောက်ရေးလုပ်ငန်းစစ်ဆေးကြီးကြပ်မှု ကော်မတီဥက္ကဋ္ဌမှ ဖေဖော်ဝါရီလ ၂၇ ရက်နေ့ ညနေ ၄ နာရီအချိန်က ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင် ကျေးရွာနှင့် ထန်းဇင်လှကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၊ တဘူးချောင်းကူး ကွန်ကရစ်တံတား (၁၇၅ ပေx ၁၂ ပေ x ၃၂ ပေ) ဆောက်လုပ်နေမှု လုပ်ငန်းခွင်အခြေအနေအား ကြည့်ရှုစစ်ဆေးခဲ့ကြသည်။
မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြိုနယ်တည်ဆောက်ရေးလုပ်ငန်း စစ်ဆေးကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးမင်းဧရာထိုက်နှင့် ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ဦးစီးမှူး ဦးဇော်ဇော်နိုင်တို့က ကညင်ပင်ကျေးရွာအုပ်စု၊ ကညင်ပင်ကျေးရွာနှင့် ထန်းဇင်လှကျေးရွာအုပ်စု၊ အင်းကလေးကျေးရွာ၊ တဘူး ချောင်းကူး ကွန်ကရစ်တံတား (၁၇၅ ပေ x ၁၂ ပေ x ၃၂ ပေ)အား ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ အရေးပေါ်ရန်ပုံငွေကျပ်သန်း (၂၁၀) ဖြင့် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတတ်ရေးဦးစီးဌာနမှ တာဝန်ယူ တည်ဆောက်လျက်ရှိသော တဘူးချောင်းကူး ကွန်ကရစ်တံတား တည်ဆောက်ရေးလုပ်ငန်းခွင်အား ကြည့်ရှုစစ်ဆေးပြီး သတ်မှတ်အချိန်မီပြီးစီးရေး၊ အရည်အသွေးစံချိန်မီရေး၊ လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးတို့ကို မှာကြားဆောင်ရွက်ခဲ့ကြောင်း သိရသည်။
မျိုးဇော်သိန်း သာပေါင်း ပြန်/ဆက်