ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၏ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

ပုဗ္ဗသီရိ မတ် ၁

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးဦးစီးကော်မတီနှင့် ဆပ်ကော်မတီများ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲ ၃ နာရီက ဥပ္ပါတသန္တိစေတီတော်မြတ်ကြီး၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အစည်းအဝေးကို "နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ကာ ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် စီမံခန့်ခွဲရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီး ရဲမိုးနှင့် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် စီမံခန့်ခွဲရေးဆပ်ကော်မတီဒုတိယဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးတို့က အဖွင့်အမှာစကားပြောကြားခဲ့သည်။ ယင်းနောက် အသံမစဲမဟာပဋ္ဌာန်းမြတ်ရွတ်ဖတ်ပူဇော်ပွဲကျင်းပရေး ဆပ်ကော်မတီ၊ ဩဝါဒခံယူပွဲကျင်းပရေးဆပ်ကော်မတီ၊ ရွှေကြာသင်္ကန်းတော်ကပ်လှူခြင်း၊ ဆွမ်းတော်ကြီးတင်လှူခြင်းနှင့် ဗုဒ္ဓါဘိသေကအနေကဇာတင်ခြင်း မဟာမင်္ဂလာအခမ်းအနားကျင်းပရေးဆပ်ကော်မတီ၊ ဆီမီး(၉၀၀၀) ထွန်းညှိပူဇော်ပွဲကျင်းပရေးဆပ်ကော်မတီ၊ ဘဏ္ဍာငွေရှာဖွေရေးဆပ်ကော်မတီ၊ ပျော်ပွဲရွှင်ပွဲများနှင့် ကြည့်ချင်ပွဲများကျင်းပရေးဆပ်ကော်မတီ၊ တင်ဒါခေါ်ယူရေးနှင့် ရွေးချယ်ရေးဆပ်ကော်မတီ၊ ပြန်ကြားရေးနှင့်မှတ်တမ်းတင်ရေးဆပ်ကော်မတီ၊ လုံခြုံရေးဆပ်ကော်မတီ၊ မီးဘေးကာကွယ်ရေးဆပ်ကော်မတီ၊ ကျန်းမာရေးဆပ်ကော်မတီစသည့် ဆပ်ကော်မတီအသီးသီးတို့မှ (၁၆)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေးအတွက် အထွေထွေဆွေးနွေးခဲ့ကြကြောင်း သိရသည်။

ထို့နောက် ဗုဒ္ဓပူဇနိယပွဲတော်ကျင်းပရေး ဦးစီးကော်မတီနှင့် စီမံခန့်ခွဲရေးဆပ်ကော်မတီဥက္ကဋ္ဌ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုးက နိဂုံးချုပ်အမှာစကားပြောကြားခဲ့ပြီး ညှိနှိုင်းအစည်းအဝေးကို "ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု" သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့သည်။ အဆိုပါအခမ်းအနားသို့ နေပြည်တော်ကောင်စီဝင် ဗိုလ်မှူးကြီးရဲမိုး၊ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီမှဌာနကြီးမှူး(စီမံ) ဦးစိုးဝင်း၊ နေပြည်တော်ရဲတပ်ဖွဲ့မှ ဒုတပ်ဖွဲ့မှူး ရဲမှူးကြီးသိန်းဦး၊ ရဲတပ်ရင်း(၁၀)မှ တပ်ရင်းမှူး ဒုရဲမှူးကြီး မင်းသိန်း၊ နေပြည်တော်လမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်နွယ်နီထွန်း၊ နေပြည်တော်စာရင်းစစ် ညွှန်ကြားရေးမှူး ဒေါ်ဌေးညွန့်နွယ်၊ နေပြည်တော် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါ်သင်းသင်းဇင်၊ နေပြည်တော်ပြည်သူ့ကျန်းမာရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဒေါက်တာ သန်းနိုင်စိုး၊ ခုတင် (၂၀၀) ပျဉ်းမနားမြို့  ဆေးရုံအုပ်ကြီး  ဒေါက်တာ အောင်နိုင်ဝင်း၊နေပြည်တော်သာသနာရေးမှူးရုံး ဒုတိယညွှန်ကြားရေးမှူး ဦးသက်နိုင်ဝင်း၊ နေပြည်တော်မီးသတ် ဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူး ဦးအောင်ဇော်ဌေး၊ ဥတ္တရခရိုင် မီးသတ်ဦးစီးဌာန ဦးစီးအရာရှိ ဦးအောင်ဇော်ဦး၊ ပျဉ်းမနားခရိုင် ဥပဒေရုံး ဒုတိယခရိုင်မှူး ဦးဇွဲထက်အောင်၊ ဥပ္ပါတသန္တိစေတီတော်ဂေါပကအဖွဲ့ဝင်များ၊ ဥပ္ပါတသန္တိစေတီတော် ရုံးအဖွဲ့မှူးနှင့်  ဥပ္ပါတသန္တိစေတီတော် ဌာနမှူး(စီမံရေးရာဌာန)၊ ဥပ္ပါတသန္တိစေတီတော် လုံခြုံရေးဌာန စသည့် ဆပ်ကော်မတီအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

သန်းသန်းနွယ်(ပုဗ္ဗ)