ရန်ကင်းမြို့နယ်ရှိ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ဆောင်ရွက်

ရန်ကင်း မတ် ၁

ရန်ကုန်တိုင်းဒေသကြီး၊ ရန်ကင်းမြို့နယ် အမှတ် (၁၄) ရပ်ကွက်၊ ကံဘဲ့လမ်းရှိ DKSH ကုမ္မဏီ၀န်ထမ်းများအား မြို့နယ်မီးသတ်ဦးစီးငှာနမှ မီးဘေးလုံခြုံရေးအသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့ရှေးဦးမီးငြိမ်းသတ်ရေး လေ့ကျင့်ပေးခြင်းတို့ကို ယမန်နေ့ နေ့လယ် (၁၂:၀၀) အချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မီးသတ်ဦးစီးမှူး ဦးထိန်လင်းဦးဆောင်သော မီးသတ်တပ်ဖွဲ့၀င်များက DKSH ၀န်ထမ်းများအား မီးသတ်ဆေးဘူးအသုံးပြုပုံ အဆင့်ဆင့်၊ မီးလောင်လွယ်သောပစ္စည်းများအား စနစ်တကျထားရှိရပုံ၊ အရေးပေါ်မီးခလုပ်များအား အသုံးပြုနည်း၊ ရေသိုလှောင်ကန်ထားရှိရပုံ၊ သွယ်တန်းထားသော လျှပ်စစ်ဝါယာကြိုးများအား အရည်အသွေးမပြည့်မီတော့လျှင် ပြုပြင်ပြောင်းလဲသုံးစွဲသင့်ကြောင့်း၊မီးချိပ်၊ မီးကပ်၊ ရေအိတ်၊ သဲအိတ်များလည်း ထားရှိရန်လိုအပ်ကြောင်း အသိပညာပေးဟောပြောခဲ့ပြီး လက်တွေ့မီးငြိမ်းသတ်ပုံအဆင့်ဆင့်အား ပြသခဲ့ရာ DKSH ကုမ္ပဏီအုပ်ချုပ်မှုဒါရိုက်တာ ဉီး၀င်းဇော်နှင့် ၀န်ထမ်းအင်အား စုစုပေါင်း (၁၂၄) ဦး တက်ရောက်ခဲ့ကြောင်း သတင်းရရှိပါသည်။

ရဲမင်း (ပြန်ဆက်)