အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2024
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးဆောင်ရွက်ရန်မတည်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
မွန်ပြည်နယ်၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၉၀၆၂)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ်(၁)ရက် နံနက် (၁၀)နာရီက  ဟံမြင့်မိုရ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝန်းတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 02,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရုံးများရှိ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်း(၈၀)ဦးအား နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်ပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆွေးနွေးပို့ချပေးမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Mar 02,2024
မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် စလင်းမြို့နယ် ရွှေဘုံသာကျေးရွာအုပ်စု ပေါင်လောင်ကျေးရွာ ရွာဦးဘုရားအာရုံခံတန်ဆောင်းအတွင်း၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ ဆွေးနွေးပွဲကို ယနေ့နံနက်(၉)နာရီ ၃၀ အချိန်က. မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် တာဝန်ရှိသူများက ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာဆွေးနွေးပွဲကို ကျင်းပခဲ့သည်။
Mar 02,2024
မြန်မာနိုင်ငံတွင် ခွန်အားကြီးမားသော ဆင်များကို အိမ်မွေးဆင်များ (Domesticated Elephants) အဖြစ်လည်းကောင်း၊ တောဆင်ရိုင်းများ (Wild Elephants) အဖြစ်လည်းကောင်း တွေ့မြင်နိုင်မည်ဖြစ်သည်။ အိမ်မွေးဆင်များ (Domesticated elephants) ကို အဓိကအားဖြင့် သစ်ထုတ်လုပ်ခြင်း၊ သယ်ယူပို့ဆောင်ခြင်း၊ ဘာသာရေးဆိုင်ရာအခမ်းအနားများ၊ တောဆင်ရိုင်းဖမ်းဆီးခြင်း၊ နိုင်ငံတော်အခမ်းအနားများ၊ ခရီးသွားလုပ်ငန်းများ၊ စိုက်ပျိုးရေးလုပ်ငန်းများ အသုံးပြုကြသည်။