စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာမူလတန်းဆင့်သင် (လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေး ဆွေးနွေးပွဲ ဖွင့်ပွဲအခမ်းအနား ကျင်းပ

မုံရွာ မတ်

စစ်ကိုင်းတိုင်းဒေသကြီး အခြေခံပညာမူလတန်းဆင့်သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့်မားရေးဆွေးနွေးဖွင့်ပွဲ အခမ်းအနားကို မတ်လ ၂ ရက်နေ့၊ နံနက်ပိုင်းတွင် မုံရွာမြို့၊ အမှတ်()အခြေခံပညာအထက်တန်းကျောင်းရှိ သလ္လာဝတီခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ပညာရေးမှူးများ၊ ဆွေးနွေးပို့ချပေးမည့် ဆရာ/ ဆရာမများနှင့် သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။

ရှေးဦးစွာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်က ပညာရေးသည် နိုင်ငံတစ်နိုင်ငံ၏ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် အခြေခံအုတ်မြစ်ဖြစ်၍ လူသားအရင်းအမြစ် မွေးထုတ်ပေးရာ အခြေခံပညာကျောင်းများရှိ သင်ကြားပေးသူ ဆရာ၊ ဆရာမများသည်လည်း သင်ကြားမှုစွမ်းရည် ဖွံ့ဖြိုးလာစေရန် နည်းလမ်းကောင်းများအား အစဉ်တစိုက် လေ့လာသင်ယူနေရမှာ ဖြစ်ပါကြောင်း၊ ပညာရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြောင်းလဲလာသည့် ခေတ်စနစ်နှင့်အညီ လိုက်လျောညီထွေစွာ အချိုးကျပြောင်းလဲလာရန်လည်း လိုအပ်ပါကြောင်း၊ အခြေခံပညာတိုး တက်ပြောင်းလဲရေးတွင် အဓိကပါဝင်သည့် ဆရာ၊ဆရာမများ၏ သင်ကြားမှုအရည်အသွေး၊ ဆရာအတတ်ပညာအရည် အချင်း၊ ရုပ်ဝတ္ထုပစ္စည်းဖြစ်သည့် ကျောင်းတွင်း၊ ကျောင်းပြင် သန့်ရှင်းသပ်ရပ်ရေးနှင့်ကျောင်း ဥပဓိရုပ်ကောင်းမွန်ရေးတို့ကို အမြဲတစေကြိုးစားနေရမှာ ဖြစ်ပါကြောင်း၊ နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး လုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစု အဖြစ်ပါဝင်နိုင်ရေး ဗလငါးတန်နှင့်ပြည့်စုံသည့် လူငယ်များဖြစ်စေရန် လူငယ်ကဏ္ဍအား မြှင့်တင်ဆောင်ရွက်ရန် လိုအပ်ပါကြောင်း ပြောကြားခဲ့သည်။

ယင်းနောက် တိုင်းဒေသကြီးဝန်ကြီးချုပ်က ဆွေးနွေးပွဲသို့ တက်ရောက်လာကြသည့် ဆရာ/ဆရာမများအတွက် ငွေကျပ် - ၁၀ သိန်းအား ထောက်ပံ့ပေးအပ်ခဲ့ပြီး အခမ်းအနားသို့ တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက်ကာ ဖွင့်ပွဲအခမ်းအနားကို ရုပ်သိမ်းခဲ့သည်။

အဆိုပါ အခြေခံပညာမူလတန်းဆင့် သင်(လုပ်ငန်းခွင်ဝင်စ) ဆရာ/ဆရာမများ စွမ်းဆောင်ရည်မြင့် မားရေးဆွေးနွေးပွဲကို မတ်လ ရက်နေ့မှ ရက်နေ့အထိ ဆွေးနွေးသွားမည်ဖြစ်ရာ ဗဟိုအဆင့်ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့သည့် နည်းပြ - (၃၇)ဦးနှင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်အဆင့်ပြန်လည်ပို့ချမည့် နည်းပြဆရာ/ဆရာမ(၁၇၁)ဦးမှ ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။

တိုင်းဒေသကြီး (ပြန်/ဆက်)