အမြို့မြို့အနယ်နယ်သတင်းများ

Sep 11,2023
မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍  ၂၀၂၃ ခုနှစ် စက်တင်ဘာ ၁၆ ရက်တွင် ကျရောက်မည့် ကမ္ဘာ့အိုဇုန်းလွှာထိန်းသိမ်းရေးနေ့အထိမ်းအမှတ်အဖြစ် ပြုလုပ်သည့် စာစီစာကုံးပြိုင်ပွဲကို ယနေ့ နံနက် ၉ နာရီက အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပသည်။
Sep 11,2023
ကချင်ပြည်နယ်၊ ဗန်းမော်ခရိုင်၊ ဗန်းမော်မြို့တွင် ဗန်းမော်ခရိုင် အသေးစားစက်မှုလက်မှု လုပ်ငန်းဦးစီးဌာနက ဦးဆောင်၍ တန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းကို ဗန်းမော်မြို့ ဖန်းခါးကုန်းရပ်ကွက်ရှိ IDP Camp တွင် ယနေ့ နံနက် ၁၀ နာရီက ဖွင့်လှစ်ခဲ့ ကြောင်း သိရသည်။
Sep 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ကျောင်းကုန်း-ကင်မွန်းခြုံ ကျောက်ချော ကျေးလက်ကုန်ထုတ်လမ်းကို Htwe & Win Construction Co.Ltd မှ တာဝန်ယူ ဖောက်လုပ်လျက်ရှိကြောင်း မြို့နယ်ကျေးလက်လမ်း ဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့၌ မြို့နယ်ကုန်စည်စျေးနှုန်း ထိန်းညှိလျော့ချရေးကော်မတီနှင့် ဆီကုန်သည်များ၏ လုပ်ငန်း ညှိနှိုင်းအစည်းအဝေးကို ယမန့်နေ့ ညနေပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Sep 11,2023
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ တောင်ပြိုလက်ဝဲမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လူငယ်အသိပညာပေးဟောပြောပွဲကို ယနေ့နေ့လယ် ၁ နာရီအချိန်က တောင်ပြိုလက်ဝဲမြို့၊ အခြေခံပညာအထက်တန်း ကျောင်းခမ်းမ၌ ကျင်းပခဲ့သည်။
Sep 11,2023
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စားအုန်းဆီများ ရောင်းချ‌လျက်ရှိသည့် ဈေးဆိုင်များနှင့် တွေ့ဆုံကာ စားအုန်းဆီများ ဈေးနှုန်းသက်သာစွာ ရောင်းချပေးနိုင်ရေး တွေ့ဆုံဆွေးနွေးခြင်းကို ယနေ့ နံနက်ပိုင်းက မြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ဆောင်ရွက်ခဲ့သည်။
Sep 11,2023
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်တွင် အသက် (၉) နှစ်မှ (၁၂) နှစ်အထိ မိန်ကလေးများအား သားအိမ်ခေါင်းကင်ဆာရောဂါကာကွယ်ဆေး (HPV) ထိုးနှံရေး အသိပေးရှင်းလင်းခြင်းကို ယနေ့နံနက် (၁၀)နာရီက သဲကုန်းမြို့ အခြေခံပညာအထက်တန်းကျောင်း သာဓုခန်းမ၌ ကျင်းပခဲ့သည်။