အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ၂၀၂၃-၂၀၂၄ခု၊ ဘဏ္ဍာရေးနှစ်တွင် ပြည်ထောင်စုနှင့် တိုင်းဒေသကြီးအစိုးရ ခွင့်ပြုရန်ပုံငွေတို့ဖြင့် ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို မြို့နယ်အတွင်းရှိ ကျေးရွာများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိပြီး ဖေဖော်ဝါရီလ(၂၉)ရက်နေ့က လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုအခြေအနေများကို တာဝန်ရှိသူများ ကကွင်းဆင်း စစ်ဆေးသည်။
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၏ ၂၀၂၃-၂၀၂၄ ခု ဘဏ္ဍာရေးနှစ်တွင် ဆောင်ရွက်သည့် ဆိုလာရေတင်စနစ်ဖြင့် မြေအောက်ရေ ရယူအသုံးပြုစိုက်ပျိုးနိုင်စေရန်အတွက် သရက်တောကျေးရွာအုပ်စု၊ သရက်တောကျေးရွာတွင် ဆောင်ရွက်ခဲ့ရာ ဆိုလာရေတင်စနစ်ဖြင့် ရေထုတ်ယူအသုံးပြုနေမှု အခြေအနေများကို မတ်လ(၁)ရက်နေ့ မွန်းလွဲ(၂)နာရီက မြို့နယ်ဦးစီးမှူး ဦးဇော်မင်းထွန်းနှင့်ဝန်ထမ်းများ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်းသိရသည်။
Mar 02,2024
ပြည်ခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အစည်းအဝေးခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက လုံခြုံရေးတာဝန်ထမ်းဆောင်နေသည့် ပဲခူးတိုင်းဒေသကြီး (အနောက်ပိုင်း)မှ ရဲတပ်ဖွဲ့ဝင်များအား ထောက်ပံ့ပေးအပ်ပွဲအခမ်းအနားကို ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
နေပြည်တော်ကုန်ဈေးနှုန်းတည်ငြိမ်ရေးကော်မတီ၏ အစီအစဉ်ဖြင့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ ဌာနဆိုင်ရာအသီးသီးမှဝန်ထမ်းများ ဈေးနှုန်းသက်သာစွာ ဝယ်ယူစားသုံးနိုင်ရေးအတွက် စားအုန်းဆီများကို ရည်ညွှန်းဈေးနှုန်းဖြင့်လည်းကောင်း၊ ကြက်သား၊ ငါး၊ ကြက်ဥ၊ ဘဲဥ၊ ကုလားပဲနှင့် အခြေခံစားသောက်ကုန်တို့ကို သက်သာသောဈေးနှုန်းဖြင့် ယနေ့ညနေပိုင်းတွင် နေပြည်တော်ကောင်စီရုံးဝန်း၌ ရောင်းချပေးခဲ့သည်။
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာမြို့တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများနှင့်ပတ်သက်၍ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့နံနက် (၁၁) နာရီအချိန်က မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံးခန်းမတွင် ကျင်းပပြုလုပ်ခဲကြောင်းသိရသည်။
Mar 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌  (၁၈၁)အဆန်နှင့် (၁၈၂)အစုန် အမြန်ရထားအချိန်ပြောင်းလဲသတ်မှတ်ပြေးဆွဲခြင်းကို ယမန်နေ့ နံနက်(၅)နာရီအချိန်တွင် စတင်ပြေးဆွဲကြောင်းသိရသည်။