အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ အမှတ်(၉)တိုင်းနယ်မြေအတွင်း ကြံခင်း- ဟင်္သာတ- ပုသိမ်လမ်းပိုင်း၌  (၁၈၁)အဆန်နှင့် (၁၈၂)အစုန် အမြန်ရထားအချိန်ပြောင်းလဲသတ်မှတ်ပြေးဆွဲခြင်းကို ယမန်နေ့ နံနက်(၅)နာရီအချိန်တွင် စတင်ပြေးဆွဲကြောင်းသိရသည်။
Mar 02,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော မေရီလန်းကျေးရွာအုပ်စု ​မေရီလန်းကျေးရွာ တောင်သူဦးဝင်းမြင့်ဦး၏ ကွင်းအမှတ် (၁၈၄၁)၊ ဦးပိုင်အမှတ်(၄၈/၃) လယ်မြေ (၂ )ဧကတွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းခြင်းကို ယနေ့နံနက် ၁၀ နာရီတွင် ပြုလုပ်ခဲ့သည်။
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ချင်းတွင်း ခန်းမတွင် ကျင်းပပြုလုပ်သော စစ်ကိုင်းတိုင်းဒေသကြီးအထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အရာထမ်း၊ အမှုထမ်းများအား ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာသိကောင်းစရာများ ချပြရှင်းလင်းပွဲအခမ်းအနားနှင့် ဝန်ထမ်းဆန္ဒဖော်ထုတ်ပွဲ အခမ်းအနားကို ယနေ့နံနက်(၉)နာရီခွဲက တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံးရှိ ချင်းတွင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
ပဲခူးတိုင်းဒေသကြီး၊ ​တောင်ငူခရိုင်၊ ​ဖြူးမြို့နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေဖြင့် ၂၀၂၃-၂၀၂၄ခုနှစ်အတွက် နွေစပါးစိုက်ပျိုးထုတ်လုပ်ရေးဆောင်ရွက်ရန်မတည်ထောက်ပံ့ငွေပေးအပ်ခြင်းကို ယမန်နေ့မွန်းလွဲပိုင်းက  မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
မွန်ပြည်နယ်၊ သထုံခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ကြီးမှူး၍ ဖွင့်လှစ်သည့် လူသုံးကုန်ထုတ်လုပ်မှုနည်းပညာသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ပေါင်မြို့နယ်၊ ဘန့်ဘွေးကုန်းကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်တွင် ယခုနှစ်အတွင်း ဆီထွက်သီးနှံဖြစ်သည့် မြေပဲကို (၉၀၆၂)ဧကထိ စိုက်ပျိုးထားနိုင်ပြီး လျာထားဧကထက် ပြည့်မီကျော်လွန်စွာ စိုက်ပျိုးနိုင်ခဲ့ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးမှ သိရသည်။
Mar 02,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်တွင် ပြည်သူများ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာအသိပညာများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်ရေး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ဇော်ဦး ဦးဆောင်၍ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များနှင့် သက်ဆိုင်ရာဌာနများပူးပေါင်း၍ ကွင်းဆင်းပြီး အသိပညာပေးခြင်းများ ဆောင်ရွက်လျက်ရှိရာ မတ်(၁)ရက် နံနက် (၁၀)နာရီက  ဟံမြင့်မိုရ် ကျေးရွာအုပ်ချုပ်ရေးမှူးရုံးဝန်းတွင်  ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲ ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။