အမြို့မြို့အနယ်နယ်သတင်းများ

Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့ လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာ အသိပညာပေးရှင်းလင်း ဆွေးနွေးပွဲကို ယမန်နေ့မွန်းလွဲ ၁ နာရီခွဲက စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ငွေရေးကြေးရေးကြီးကြပ်စစ်ဆေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့လမ်းညွှန်မှုဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာ အသိပညာပေးရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၁ နာရီက စစ်ကိုင်းတိုင်းဒေသကြီး မြန်မာ့စီးပွားရေးဘဏ်သင်တန်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 02,2024
အားကစားနှင့်လူငယ်ရေးရာဝန်ကြီးဌာန၊ ရှမ်းပြည်နယ်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လမ်းညွှန်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ် နွေရာသီ အားကစားသင်တန်းကို ယမန်နေ့နံနက် ၁၀ နာရီက ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကလောမြို့နယ် အားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
Mar 02,2024
ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန Community Centre ခန်းမတွင် နွေရာသီကျောင်းပိတ်ရက်၌ ကျောင်းသား/ကျောင်းသူများ ဗလငါးတန်ဖွံ့ဖြိုးစေရေးအတွက် နွေရာသီအခြေခံပန်းချီသင်တန်း (၁/၂၀၂၄) နှင့် နွေရာသီအင်္ဂလိပ်စာအခြေခံ Grammar သင်တန်း (၁/၂၀၂၄) ကို သင်ကြားပေးလျက်ရှိကြောင်း သိရှိရသည်။
Mar 02,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရခရိုင် အမျိုးသမီးကော်မတီလုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီခွဲအချိန်က ဥတ္တရခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
Mar 02,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ အားကစားနှင့်ကာယပညာသိပ္ပံ(မုံရွာ)ရှိ ကျောင်းသား/ကျောင်း သူများအတွက် ထောက်ပံ့ငွေပေးအပ်ပွဲအခမ်းအနားကို မတ်လ ၁ ရက်နေ့၊ နံနက်ပိုင်းတွင် အဆိုပါကျောင်းရှိ မိုးလုံလေလုံအားကစားခန်းမတွင် ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ကြီးနှင့် နည်းပြများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Mar 02,2024
မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်တွင် မွေးကင်းစမှ အသက် (၂) နှစ်အောက်ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ပုံမှန်ကာကွယ်ဆေးထိုးနှံခြင်းကို ယမန်နေ့နံနက်ပိုင်းမှစတင်၍ မြို့နယ်မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။
Mar 02,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် လေပြင်းဘေးကြိုတင်ကာကွယ်ရေး စီမံချက်လုပ်ငန်းညှိုနှိုင်းအစည်းအဝေးနှင့်‌ လေပြင်းဘေးစီမံချက်ဆောင်ရွက်ရန် ရန်ပုံငွေလွှဲပြောင်းပေးအပ်ခြင်းအခမ်းအနားကို မိုင်းခတ်မြို့နယ် အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊‌ အေးချမ်းသာခန်းမတွင် ယနေ့နံနက်(၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။