စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနတွင် ယာယီ‌နေရပ်စွန့်ခွာ ဝန်ထမ်း(၈၀)ဦးအား အခြေခံစားသောက်ကုန် ဆန်၊ ဆီ ထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကျင်းပ

မုံရွာ မတ် ၁

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနနှင့် ခရိုင်၊ မြို့နယ်ရုံးများရှိ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်း(၈၀)ဦးအား နေထိုင်စားသောက်ရေး အဆင်ပြေစေရေးအတွက် ရည်ရွယ်ပြီး အခြေခံစားသောက်ကုန် ဆန်၊ ဆီထောက်ပံ့ပေးအပ်ပွဲ အခမ်းအနားကို ယနေ့မွန်းလွဲ(၂)နာရီက အဆိုပါရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ဦးစွာ စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးသိန်းထိုက်ဦးက မိမိတို့ဦးစီးဌာနအနေဖြင့် ဝန်ထမ်းများအား ရဲဘော်ရဲဘက်စိတ်ထားဖြင့် အခုလိုထောက်ပံ့ပေးမှုများကို ဆောင်ရွက်ပေးသည့်အတွက် ကျေးဇူးတင် ဂုဏ်ယူဝမ်းမြောက်မိပါကြောင်း၊ ဝန်ထမ်းများအနေဖြင့်လည်း ဌာန၏ လုပ်ငန်းတာဝန်များကို အားလုံးပူးပေါင်း၍ သတိဝီရိယဖြင့် ကြိုးစားဆောင်ရွက်ပေးကြပါလို့ တိုက်တွန်း ပြောကြားခဲ့ပြီးနောက် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာ ဝန်ထမ်း(၈၀)ဦးအား အခြေခံစားသောက်ကုန်ဆန်၊ ဆီတို့ကို သက်ဆိုင်ရာခရိုင်အလိုက် တာဝန်ရှိသူများထံသို့ လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့သည်။

ဆက်လက်ပြီး ယာယီ‌နေရပ်စွန့်ခွာ ဝန်ထမ်းများကိုယ်စား ယင်းမာပင်ခရိုင် ကျေးလက်၊ ခရိုင်ဦးစီးမှူးမှ ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။

ထို့နောက်စစ်ကိုင်းတိုင်းဒေသကြီး ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးမှ နိဂုံးချုပ်စကားပြောကြားပြီး အခမ်းအနားကို ရုပ်သိမ်းလိုက်ကြောင်း သိရသည်။

အဆိုပါ ထောက်ပံ့ပေးအပ်ပွဲတွင် သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန (ရုံးချုပ်)က ဝန်ထမ်းတစ်ဦးလျှင် အခြေခံစားသောက်ကုန် ဆန်(၃)ပြည်နှင့် ဆီ(၅၀)ကျပ်သားစီဖြင့် တိုင်းဒေသကြီးအတွင်းရှိ ခရိုင်နှင့်မြို့နယ်များမှ ယာယီနေရပ်စွန့်ခွာဝန်ထမ်း မုံရွာမြို့နယ်တွင်((၆၉)ဦး၊ စစ်ကိုင်းမြို့နယ်တွင် (၁၁)ဦး စုစုပေါင်း ဝန်ထမ်း(၈၀)ဦးအား ထောက်ပံ့ပေးခြင်းဖြစ်ကြောင်း တာဝန်ရှိသူ၏ပြောကြားချက်အရသိရသည်။

ခရိုင်(ပြန်/ဆက်)