Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
တောင်ကုတ်မြို့၌ ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်အတွက် အစိုးရအမှုထမ်းများငွေစု၊ ငွေချေးသမဝါယမ အသင်း(လိမိတက်)အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့်ဆုပေးပွဲ အခမ်းအနားကျင်းပ
Sep 11,2023
ရခိုင်ပြည်နယ်၊ တောင်ကုတ်ခရိုင်၊ တောင်ကုတ်မြို့တွင် အစိုးရအမှုထမ်းငွေစုငွေချေး သမဝါယမအသင်း (လိမိတက်) ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ်၊ အရပ်ရပ်ဆိုင်ရာအစည်းအဝေးနှင့် ပညာရည်ချွန်ဆုပေးပွဲအခမ်းအနားကို ယမန်နေ့မွန်းတည့် ၁၂ နာရီအချိန်က အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း၊ ပညာရတနာခန်းမ၌ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကျင်းပ
Sep 11,2023
ကျောင်းသား၊ ကျောင်းသူများ စနေ့၊ တနင်္ဂနွေနေ့ ဖြစ်သည့် ကျောင်းပိတ်ရက်များတွင် အချိန်ကို အကျိုးရှိစွာ အသုံးချတက်စေရန်နှင့် ဗလငါးတန်နှင့်ပြည့်စုံသည့် ကျောင်းသား၊ ကျောင်းသူများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲနှင့် စာအုပ်ပြပွဲအခမ်းအနားကို ယမန်နေ့၊ နံနက် ၁၁ နာရီက ဗဟန်း၊ လူထုအခြေပြုဗဟိုဌာန Community Centre ၌ ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ဂွမြို့တွင် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ အထိမ်းအမှတ်အဖြစ် ညောင်ဝိုင်းဘုန်းတော်ကြီးကျောင်းဝန်းအတွင်း စုပေါင်းသန့်ရှင်းရေးဆောင်ရွက်
Sep 11,2023
ရခိုင်ပြည်နယ်၊ ဂွမြို့နယ်တွင် အောက်တိုဘာ ၁ ရက်နေ့၌ ကျရောက်မည့် (၅၉)နှစ်မြောက် မြန်မာနိုင်ငံရဲတပ်ဖွဲ့နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ယနေ့နံနက် ၇ နာရီအချိန်က စတင်၍ ညောင်ဝိုင်းဘုန်းတော်ကြီး ကျောင်းဝန်းအတွင်းတွင် ပြုလုပ်ခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ကရသူရိမြို့၌ ပလတ်စတစ်ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေးနံရံကပ်စာစောင်နှင့် ဓာတ်ပုံ ပြပွဲပြသ
Sep 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား/သူများနှင့် စာဖတ်ပရိသတ်များအား ပလတ်စတစ် ညစ်ညမ်းမှုကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်နှင့်ဓာတ်ပုံပြပွဲကို ယနေ့ မွန်းတည့် ၁၂ နာရီက ပြသခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများတွင် လူတန်းစား(၅) မျိုးအား အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်
Sep 11,2023
မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ကြီးဌာနအောက်ရှိ ဆေးရုံများဖြစ်သော ချောက်မြို့နယ်ဆေးရုံ၊ စလေတိုက်နယ်ဆေးရုံတို့တွင် မကွေးတိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်ချက်နှင့်အညီ အောက်ပါလူတန်းစား (၅)ရပ်အား အခမဲ့ ဆေးကုသပေးသွားမည်ဖြစ်ကြောင်း ချောက်ခရိုင်ကျန်းမာရေးဦးစီးမှူး ဒေါက်တာမျိုးသက်ဦးက အားလုံးသိရှိနိုင်ရေး ခရိုင်အဆင့်အစည်းအဝေးတွင် ချပြဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ဘုတ်ပြင်းမြို့၌ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကျင်းပ
Sep 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင် ဘုတ်ပြင်းမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူကုန်ကူးမှုအန္တရာယ်အသိပညာပေး ဟောပြောပွဲကို ယနေ့က အုန်းတောကမ်းကျေးရွာအုပ်စုရှိ မူလွန်-အုန်းတောကမ်းကျောင်းတွင်း ပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် ပန်းခင်း (၂) စီမံချက်ဖြင့် ရပ်ကွက်/ ကျေးရွာနေပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်
Sep 11,2023
ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်တွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများသည် "လူမှုဘဝပြည့်စုံဖို့နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်း (၂) စီမံချက်ဖြင့် ဝန်ထမ်းများသည် အဖွဲ့များခွဲကာ ဒဂုံမြို့သစ် (အရှေ့ပိုင်း )မြို့နယ်အတွင်း ရပ်ကွက်/ ကျေးရွာများဖြစ်သော၊ အမှတ် (၈) ရပ်ကွက်၊ အမှတ် ၁၁၈၊ ၁၁၉၊ ၁၂၀၊ ၁၂၂ရပ်ကွက်၊ မလစ်အရှေ့ကျေးရွာ၊ အဝိုင်းကျေးရွာ၊ အမှတ် (၁၂၃) ရပ်ကွက်နေပြည်သူများထံ နိုင်ငံသားစီစစ်ရေးကတ်ပြားများကို ယမန်နေ့ နံနက်ပိုင်း (၉) နာရီမှ စတင်ကာ မြေပြင်ကွင်းဆင်းဆောင်ရွက်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့အမှတ်(၂)ရပ်ကွက် ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်း ရာနှုန်းပြည့်ပြီးစီး
Sep 11,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ စည်ပင်သာယာရေးအဖွဲ့မှ အများပြည်သူများ သွားလာမှုလွယ်ကူစေရေး၊ ကုန်စည်စီးဆင်းမှုမြန်ဆန်စေရေးနှင့်မြို့သာယာလှပရေးအတွက် ဖွံ့ဖြိုးရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက်ရှိရာ စက်တင်ဘာလ ၂ ရက်တွင် ပိုင်ကျုံမြို့ အမှတ်(၂)ရပ် ကွက်ရှိ ကျမ်းစာသင်ကျောင်းလမ်းအား ကွန်ကရစ်လမ်းအဖြစ် အဆင့်မြှင့်တင်ခြင်းလုပ်ငန်းများ စတင်ဆောင်ရွက်ခဲ့ရာ စက်တင်ဘာလ ၁၁ ရက်တွင် လုပ်ငန်းများ ရာနှုန်းပြည့် ပြီးစီးပြီးဖြစ်ကြောင်း သိရသည်
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9523
Page
9524
Page
9525
Page
9526
Current page
9527
Page
9528
Page
9529
Page
9530
Page
9531
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department