Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
>
ပွင့်ဖြူမြို့နယ်၌ ဆီထွက်သီးနှံ မိုးနှမ်းစိုက်ခင်းများ စတင်ရိတ်သိမ်းလျက်ရှိပြီး နှမ်းဈေးကောင်း၍ တောင်သူများ အဆင်ပြေ
Sep 11,2023
မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ်တွင် မိုးဦးမိုးဖြင့် စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံနှမ်းစိုက်ခင်းများမှာ အောင်မြင်ဖြစ်ထွန်းပြီး အသီးများရင့်မှည့်လာပြီဖြစ်၍ ဒေသခံတောင်သူများက နေ့စားအလုပ်သမားများ ငှားရမ်း၍ စတင်ရိတ်သိမ်းနေကြပြီဖြစ်ရာ ယခုနှစ်တွင် နှမ်းဈေးကောင်းရရှိနေကြ၍ စိုက်ပျိုးတောင်သူများ လုပ်ငန်းအဆင်ပြေလျက်ရှိကြောင်း ပွင့်ဖြူမြို့နယ်အတွင်းရှိ ဒေသခံတောင်သူများထံမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မုံရွာမြို့၌ အခမ်းအနားမှူးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲကျင်းပ
Sep 11,2023
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့၏ အနီးကပ်လမ်းညွှန်မှုဖြင့် စစ်ကိုင်းတိုင်းဒေသကြီး လူငယ်ရေးရာကော်မတီနှင့် တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနတို့ ပူးပေါင်း၍ ဌာနများအလိုက် ကျင်းပပြုလုပ်မည့် အခမ်းအနားများတွင် အဆင်ပြေချောမွေ့စွာ ဆောင်ရွက်နိုင်စေရန်နှင့် တိုင်းဒေသကြီးအဆင့်နှင့် လျော်ညီစွာအောင် အောင်မြင်စွာဆောင်ရွက် နိုင်စေရန်တို့ အတွက် ရည်ရွယ်ပြီး စက်တင်ဘာ(၁၁)ရက်နေ့မှ (၂၂) ရက်နေ့အထိ ဖွင့်လှစ်သည့် အခမ်း အနားမှူးသင်တန်း (၁/၂၀၂၃) ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင် လူထုအခြေပြု ဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုးမိတ်မြို့နယ်တွင် ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ အသိပညာပေးသင်တန်း ဖွင့်လှစ်
Sep 11,2023
ရှမ်းပြည်နယ် (မြောက်ပိုင်း) မိုးမိတ်ခရိုင်၊ မိုးမိတ်မြို့နယ်တွင် လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေးဝန်ကြီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနမှ ကလေးသူငယ်အခွင့်အရေးများဆိုင်ရာ သင်တန်းဖွင့်လှစ်၍အသိပညာပေးဟောခြင်းကို ယနေ့ နံနက် ၉ အချိန်က အခြေခံပညာအထက်တန်းကျောင်း ညောင်ပင်စောက်ခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်ချောင်းမြို့နယ်တွင် ဈေးရောင်းချနေသူများအား စားအုန်းဆီရောင်းချလိုမှုရှိ/မရှိ တွေ့ဆုံဆွေးနွေးပွဲကျင်းပ
Sep 11,2023
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယမန်နေ့က စားအုန်းဆီရောင်းချလိုမှုအခြေအနေနှင့်ပတ်သက်၍ သရက်ချောင်းမြို့ပေါ်ရပ်ကွက် ဈေးဆိုင်၊ ကုန်စုံဆိုင်များ၏ ဆိုင်ပိုင်ရှင်များနှင့် တွေ့ဆုံဆွေးနွေးပွဲကို ဆောင်ရွက်ခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အားကစား၊ လူကုန်ကူးမှုအန္တရာယ်အကြောင်း သိကောင်းစရာများ အသိပညာပေးဟောပြော နံရံကပ်စာစောင်များပြသ
Sep 11,2023
ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ အင်းတော်မြို့ နယ်ရုံးနှင့် အင်းတော်မြို့ အားကစားနှင့် ကာယပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက် ၁၀ နာရီ အချိန်က အင်းတော်မြို့၊ အောင်မင်္ဂလာရပ်ကွက် အခြေခံပညာမူလတန်း ကျောင်းတွင် လူငယ်နှင့် မူးယစ်ဆေးဝါးအန္တရာယ်၊ လူငယ်နှင့် အားကစား၊ လူကုန်ကူးမှုအန္တရာယ် အကြောင်း သိကောင်းစရာ များကို အသိပညာ ပေး ဟောပြောခဲ့ပြီး မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်ရေး အသိပညာပေး နံရံကပ်စာစောင်များကို ပြသခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျိုက်ဒုံမြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် လူကုန်ကူးမှုတားဆီးကာကွယ်ရေးအသိပညာပေး(Talk Show) ကျင်းပ
Sep 11,2023
ကရင်ပြည်နယ် ကော့ကရိတ်ခရိုင် ကျိုက်ဒုံမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre ) တွင်၊ ယနေ့နံနက် ၁၀ နာရီအချိန်က လူကုန်ကူးမှုတားဆီး ကာကွယ်ရေးအသိပညာပေး (Talk Show)ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ပိုင်ကျုံမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စုပေါင်းဝါဆိုသင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနားကျင်းပ
Sep 11,2023
ကရင်ပြည်နယ်၊ ပိုင်ကျုံမြို့ အမှတ်(၂)ရပ်ကွက် အ-ထ-က ပိုင်ကျုံကျောင်းရှိ ဆရာ/ ဆရာမများ၊ကျောင်းသား၊ ကျောင်းသူများနှင့်ကျောင်းသားမိဘများက စုပေါင်းကာ ယနေ့နံနက်ပိုင်းက ဝါဆို သင်္ကန်းကပ်လှူပူဇော်ပွဲ အခမ်းအနား ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နွားထိုးကြီးမြို့တွင် ဈေးနှုန်းချိုသာစွာဖြင့် စားသုံးဆီများကို ဆက်လက်ရောင်းချပေး
Sep 11,2023
မြင်းခြံခရိုင်၊ နွားထိုးကြီးမြို့နယ်အတွင်း နေထိုင်သောမိဘပြည်သူများစားသုံးဆီကို ဈေးနှုန်းသက်သာစွာဖြင့် ဝယ်ယူစားသုံးနိုင်ရန် မြန်မာ နိုင်ငံဆီကုန်သည်နှင့် ဆီလုပ်ငန်းရှင်များ၏ စီမံဆောင်ရွက်သည့် စီစဉ်မှု၊ စားသုံးသူရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးသန်းအေးနှင့်အဖွဲ့သည် စားသုံးဆီများကို မိဘပြည်သူများလက်ဝယ်သို့ သက်သာသောဈေးနှုန်ထားတို့ဖြင့် ရောင်းချပေးလျက်ရှိရာ ယနေ့နံနက် ၈ နာရီမှစတင်၍ နွားထိုးကြီးမြို့အတွင်းရှိ ဆီအရောင်းဆိုင်များတွင် ဆီ(၁) ပိဿာကို ငွေကျပ် ၄၉၀၀ ကျပ်နှုန်းဖြင့် ရောင်းချပေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9527
Page
9528
Page
9529
Page
9530
Current page
9531
Page
9532
Page
9533
Page
9534
Page
9535
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department