Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
ပြင်ဦးလွင်မြို့နယ် ဇီးပင်ကြီးရွာလယ်ဓမ္မာရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲကျင်းပ
Mar 05,2024
နိုင်ငံသားတိုင်းသည် ပြည်ထောင်စုမပြိုကွဲရေး၊ တိုင်းရင်းသားစည်းလုံးညီညွတ်မှုမပြိုကွဲရေး၊ အချုပ်အခြာအာဏာတည်တံ့ခိုင်မြဲရေးဟူသည့် ဒို့တာဝန်အရေးသုံးပါးကို စောင့်ထိန်းရန် တာဝန်ရှိသဖြင့် ယင်းတာဝန်ကို ထမ်းဆောင်နိုင်ရေးအလို့ငှာ စစ်ပညာသင်ကြားရန်နှင့် နိုင်ငံတော်ကာကွယ်ရေးအတွက် ပြည်သူ့စစ်မှုထမ်းဥပဒေကို ပြဋ္ဌာန်းခဲ့ပြီးဖြစ်သည်နှင့်အညီ ယနေ့နံနက် ၁၁ နာရီက ပြင်ဦးလွင်မြို့၊ ဇီးပင်ကြီးရွာလယ်ဓမ္မာရု၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပွဲ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းပျဉ်းမြို့တွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်လှစ်
Mar 05,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းပျဉ်းမြို့တွင် ရှမ်းဘာသာနှင့် ဗုဒ္ဓဘာသာယဉ်ကျေးမှုသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် (၉) နာရီက ကျောင်းလုံဘုန်းကြီးကျောင်း၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ငဖဲမြို့နယ်တွင် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြော
Mar 05,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ငဖဲမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးအစည်းအဝေးခန်းမတွင် ပြည်သူအများ ပြည်သူ့စစ်မှုထမ်းဥပဒေအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိ နားလည်စေရန်နှင့်ပူး ပေါင်းပါဝင်ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာများ အသိပညာပေးဟောပြောခြင်းနှင့် လက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့ နံနက် ၉ နာရီခွဲအချိန်က ကျင်းပပြုလုပ်သည်။
အပြည့်အစုံ ဖတ်ရန်
ပွင့်ဖြူမြို့နယ်၌ ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာရေးနှစ်တွင် ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေးအတွက် ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော်…
Mar 05,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ယခု ၂၀၂၃ - ၂၀၂၄ ဘဏ္ဍာနှစ်တွင် ဒေသခံတောင်သူများ ရာသီအလိုက် သီးနှံများ စိုက်ပျိုးရာတွင် သီးနှံစိုက်ပျိုးစွမ်းအားတိုးတက်မြင့်မားရေးအတွက် ရည်ရွယ်၍ ကျေးလက်ကုန်ထုတ်လမ်း (၄)ခု အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိရာ ယခုအခါ ရာနှုန်းပြည့်ပြီးစီးပြီဖြစ်ကြောင်း ပွင့်ဖြူမြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကော့သောင်းမြို့တွင် ဒေသဆိုင်ရာဧည့်လမ်းညွှန် (အခြေခံ)သင်တန်း ဖွင့်လှစ်သင်ကြား
Mar 05,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးညွှန်ကြားရေးမှူးရုံး၏ စီစဉ်ကြီးကြပ်မှုဖြင့် ဖွင့်လှစ်သော ဒေသဆိုင်ရာဧည့်လမ်းညွှန်(အခြေခံ) သင်တန်းကို ကော့သောင်းမြို့၊ ဗြဟ္မဝိဟာရကျောင်းတိုက်တွင် (၄)ပတ်တာဖွင့်လှစ်သင်ကြားပေးလျက်ရှိရာ အဆိုပါ သင်တန်းသို့ ခရီးသွားလုပ်ငန်းဆောင်ရွက်နေကြသူများနှင့် စိတ်ပါဝင်စားသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး နေပြည်တော်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး တက်ရောက်
Mar 05,2024
နေပြည်တော်ဗီဒီယိုလုပ်ငန်းစိစစ်ကြီးကြပ်ရေးကော်မတီ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေး (၁/၂၀၂၄) ကို ယမန်နေ့ မွန်းလွဲ (၂) နာရီတွင် နေပြည်တော်ကောင်စီရုံး အစည်းအဝေးခန်းမ (၂) ၌ ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
EABC (Europe & Asia Beverage) Co. Ltd ဥရောပအချိုရည်စက်ရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေး
Mar 05,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ မြောက်ကိုင်းကျေးရွာရှိ၊ EABC (Europe & Asia Beverage) Co. Ltd ဥရောပအချိုရည်စက်ရုံ၌ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို မတ်လ ၄ ရက်နေ့ နံနက် ၁၀:၀၀နာရီအချိန်က အဆိုပါ စက်ရုံဝန်းအတွင်း၌ ကျင်းပခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူးပြည့်ဖြိုးအောင်၊ အတွင်းရေးမှူး ရဲမှူးသိန်းလွင်နှင့် အဖွဲ့ဝင်များ၊ မြို့နယ်အဆင့် ဌာနဆိုင်ရာမှ အကြီးအကဲများနှင့် ဝန်ထမ်းများ၊EABC (Europe Asia & Asia Beverage Co. Ltd)စက်ရုံမှ တာဝန်ရှိမန်နေဂျာများနှင့် စက်ရုံဝန်ထမ်းများ စုစုပေါင်းလူဦးရေ (၁၀၉)ဦး တက်ရောက်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ကျောက်တန်းမြို့နယ်၌ သင်ထောက်ကူ မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အသိပညာပေး ဆွေးနွေး
Mar 05,2024
ရန်ကုန်တိုင်းဒေသကြီး သန်လျင်ခရိုင်၊ ကျောက်တန်းမြို့နယ်တွင် အလုပ်သမားဝန်ကြီးဌာန၊ အလုပ်ရုံနှင့် အလုပ်သမားဥပဒေစစ်ဆေးရေးဦးစီးဌာနက သင်ထောက်ကူ မော်တော်ယာဥ်ဖြင့် လုပ်ငန်းခွင်အရောက် အလုပ်သမားဥပဒေပါ ရပိုင်ခွင့်များ၊ လုပ်ငန်းခွင် ဘေးအန္တရာယ် ကင်းရှင်းရေးနှင့် ကျန်းမာရေးဆိုင်ရာ အသိပညာပေးဆွေးနွေးပွဲကို ယနေ့နံနက် (၁၀) နာရီက ကျောက်တန်းမြို့နယ် ၊ သီလဝါ ပြည်တွင်း စက်မှုဇုန်ရှိ Fine Line Co.Ltd (အိတ်ချုပ်စက်ရုံ) နှင့် UA Electronic Myanmar Co.Ltd (လျှပ်စစ်ပစ္စည်း အစိတ်အပိုင်းများ ထုတ်လုပ်သည့် စက်ရုံ)တို့၌ ပြုလုပ်ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9464
Page
9465
Page
9466
Page
9467
Current page
9468
Page
9469
Page
9470
Page
9471
Page
9472
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department