Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
စစ်ကိုင်းတိုင်းဒေသကြီး မုံရွာမြို့တွင် ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကျင်းပ
Mar 21,2024
စစ်ကိုင်းတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်၏ လမ်းညွှန်မှုဖြင့် တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာနမှ ဦးဆောင်ပြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆိုင်ရာ အသိပညာပေး ဟောပြောပွဲကို ယနေ့ နံနက်ပိုင်းက မုံရွာခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ကျင်းပရာ စစ်ကိုင်းတိုင်းဒေသကြီး ပတ်ဝန်းကျင်စီမံခန့်ခွဲမှုဆိုင်ရာ ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး၊ တိုင်းဒေသကြီး ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်အောင်မိုးနှင့် တာဝန်ရှိသူများ၊ ခရိုင်အဆင့် ဌာနဆိုင်ရာများ တက်ရောက်ကြ သည်။
အပြည့်အစုံ ဖတ်ရန်
စလင်းမြို့နယ် ဆင်ဖြူကျွန်းသုံးပင်တောင်ပိုးသည်ရပ်ကွက်၌ တစ်ပိုင်တစ်နိုင် မိရိုးဖလာအိမ်တွင်းလက်မှုမြေအိုးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိ
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင် စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့၊ သုံးပင်တောင်ပိုးသည်ရပ်ကွက်၌ အသေးစားအိမ်တွင်းလက်မှုလုပ်ငန်းတစ်ခုဖြစ်သည့် မြေအိုးအမျိုးမျိုးနှင့် ကလေးကစားစရာများကို ပြုလုပ်ရောင်းချသည့် မြေအိုးအငယ်စားအိုးလုပ်ငန်းကို တစ်နိုင်တစ်ပိုင် လုပ်ကိုင်လျက်ရှိရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးမောင်မောင်လွင်က သုံးပင်တောင်ပိုးတန်းရပ်ကွက်ရှိ အိုးလုပ်ငန်းလုပ်ကိုင်သူ ဒေါ်ဝင်းဝင်းမာနှင့် တွေ့ဆုံမေးမြန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းတုန်းမြို့တွင် ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ်အသုံးပြုခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပ
Mar 21,2024
မကွေးတိုင်းဒေသကြီး၊ မင်းတုန်းမြို့ အမှတ် (၂) ရပ်ကွက် မူလတန်းကျောင်းတွင် ယနေ့နံနက် ၉ နာရီက ၂၀၂၄ခုနှစ်၊ ကျောင်းကျန်းမာရေးစစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းလုပ်ငန်း အလုပ်ရုံဆွေးနွေးပွဲ ကျင်းပရာ မိခင်နှင့် ကလေးကျန်းမာရေးဌာနမှ ဝန်ထမ်း (၂) ဦးနှင့် ပညာရေးဝန်ထမ်း (၂) ဦးတို့မှ ဦးဆောင်ဆွေးနွေးပြီး ဆရာ၊ဆရာမ (၂၆၃)ဦး တက်ရောက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
သံတောင်ကြီးမြို့နယ် Community Centre ခန်းမတွင် Book Club/ Youth Club များ စာဖတ်ဝိုင်း ပြုလုပ်
Mar 21,2024
ကရင်ပြည်နယ် သံတောင်ကြီးမြို့နယ်တွင် စာဖတ်ခြင်း အကျိုးကျေးဇူး သိရှိစေရန် ရည်ရွယ်၍ Book Club/ Youth Club အဖွဲ့ဝင်များက စာရေးဆရာချစ်နိုင်(စိတ်ပညာ)၏ လူငယ်နဲ့အခွင့်အလမ်း စာအုပ်အား ယနေ့ နံနက် (၁၁) နာရီ အချိန်က Community Centre ခန်းမ၌ စာဖတ်ဝိုင်း ဆွေးနွေးပွဲ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
၂၀၂၄ ခုနှစ် ကမ္ဘာ့ကဗျာနေ့အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲနှင့် နွားခြေရာခွက်ထဲက ရှိုက်သံများ ကဗျာစာအုပ်မိတ်ဆက်ပွဲ မြန်အောင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန…
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့နယ် စာပေချစ်သူများက ဦးစီးကျင်းပသော ၂၀၂၄ ခုနှစ် ကမ္ဘာ့ကဗျာနေ့ အထိမ်းအမှတ် ကဗျာရွတ်ဆိုပွဲနှင့် နွားခြေရာခွက်ထဲကရှိုက်သံများ ကဗျာစာအုပ်မိတ်ဆက်ပွဲကို ယနေ့နံနက်က မြန်အောင်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲ ပြုလုပ်
Mar 21,2024
ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာများနှင့်ပတ်သက်၍ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများနှင့် စာရေးဝန်ထမ်းများအား အကျယ်တဝင့် သိရှိနိုင်စေရန် အသိပညာပေး ရှင်းလင်းဆွေးနွေးပွဲကို ယမန်နေ့ မွန်းလွဲ ၂ နာရီတွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန အစည်းအဝေး ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မုဒုံမြို့၌ ကျောင်းကျန်းမာရေးစစ်ဆေးမှု မှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့် သင်တန်းဖွင့်လှစ်
Mar 21,2024
မွန်ပြည်နယ်၊ မုဒုံမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး စစ်ဆေးမှုမှတ်တမ်းကတ် အသုံးပြုခြင်းဆိုင်ရာ မြို့နယ်အဆင့်သင်တန်းကို ယနေ့နံနက်( ၉) နာရီက အ.ထ.က (၁) ကျောင်းရှိ ရှင်အရဟံခန်းမ၌ ဖွင့်လှစ်သည်။
အပြည့်အစုံ ဖတ်ရန်
ကျိုင်းတောင်းမြို့၌ အငြိမ်းစားပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိ
Mar 21,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ မိုးနဲမြို့နယ်၊ ကျိုင်းတောင်းမြို့ မြန်မာ့စီးမွားရေးဘဏ်၌ အငြိမ်းစားပင်စင်လစာငွေများကို ယနေ့ နံနက်ပိုင်းက ၈နာရီအချိန်ခန့်က စတင်၍ ထုတ်ပေးလျက်ရှိရာ အငြိမ်းစားပင်စင်ဝန်ထမ်းများမှ အေးချမ်းစွာလာရောက်ထုတ်ယူလျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9408
Page
9409
Page
9410
Page
9411
Current page
9412
Page
9413
Page
9414
Page
9415
Page
9416
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department