ကျောက်ဆည်တက္ကသိုလ်၌ မူလတန်းပြ ဆရာ/ဆရာမများ အင်္ဂလိပ်စာအရည်အ‌သွေးမြှင့် သင်တန်းဆင်းပွဲအခမ်းအနားကျင်းပ

စဉ့်ကိုင် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်အတွင်းရှိ ကျောက်ဆည်တက္ကသိုလ်နှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ မူလတန်းပြ ဆရာ/ဆရာမများ၏ အင်္ဂလိပ်စာ သင်ကြား/သင်ယူမှုစနစ် ပိုမိုကျွမ်းကျင် အောင်မြင်တိုးတက်လာ‌စေပြီး အရည်အသွေးရှိသော ကျောင်းသား၊ ကျောင်းသူများ ပေါ်ပေါက်‌လာ‌စေရေးတို့ကို ရည်ရွယ်ကာ မူလတန်းပြဆရာ၊ ဆရာမများ အင်္ဂလိပ်စာ အရည်အသွေးမြှင့် သင်တန်းဆင်းပွဲအခမ်းအနားကို မေလ ၂၂ ရက် နံနက် ၉ နာရီက အဆိုပါ တက္ကသိုလ်ရှိ ဧကရာဇ်ခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် ကျောက်ဆည်တက္ကသိုလ်မှ ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေက အဖွင့်အမှာစကားပြောကြားခဲ့ပြီး ခရိုင်ပညာ‌ရေးမှူး ဒေါ်သီသီကြိုင်က သင်တန်းဆင်း အမှာစကားပြောကြားခဲ့သည်။ ထို့နောက် ပါမောက္ခချုပ် ဒေါက်တာလဲ့လဲ့ဝေ၊ အင်္ဂလိပ်စာဌာနမှ ပါမောက္ခဌာနမှူး ဒေါက်တာချယ်ရီဦးနှင့် ခရိုင်ပညာရေးမှူး ဒေါ်သီသီကြိုင်တို့က သင်တန်းသား ဆရာ/ဆရာမ ၁၀၀ ဦးအား သင်တန်းဆင်း လက်မှတ်များ ပေးအပ်ခဲ့ကြောင်း သိရသည်။

ကျော်စွာ(စဉ့်ကိုင်)