စဉ့်ကိုင်မြို့နယ် "ဘဝအလင်းသစ်" စာကြည့်တိုက်၌ အသိပညာပေး ဟောပြောပွဲကျင်းပ

စဉ့်ကိုင် မေ ၂၂

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ် ပြန်ကြားရေးနှင်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မီးသတ်ဦးစီးဌာနတို့ပူးပေါင်း၍ ကျေးလက်နေပြည်သူများ အသိပညာ၊ အတတ်ပညာများရရှိပြီး ဗဟုသုတတိုးပွားလာစေရန်၊ စာဖတ်သည့် အ‌လေ့အကျင့်‌ ကောင်းများ ရရှိလာစေရန် အသိပညာပေး ဟောပြောပွဲကို သင်္ဂတုံကျေးရွာ "ဘဝအလင်းသစ်" စာကြည့်တိုက်၌ ယနေ့ နံနက် ၁၀ နာရီက ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်ဝင်းဝင်းသန်းက အဖွင့်အမှာစကားပြောကြားခဲ့ပြီး "စာဖတ်ခြင်း၏ အကျိုးကျေးဇူး" ခေါင်းစဉ်ဖြင့်လည်းကောင်း၊  မြို့နယ်မီးသတ်ဦးစီးမှူး ဦးကြည်ဇော်ထိုက်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးနှင့် မီးဘေးကြုံတွေ့လာပါက လိုက်နာဆောင်ရွက်ရန် နည်းလမ်းများကိုလည်းကောင်း အများပြည်သူများ သိရှိစေရန် အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြောင်း သိရသည်။

ကျော်စွာ (စဉ့်ကိုင်)