ရေနံချောင်းမြို့နယ်၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များ နေ့ချင်းပြီး ဆောင်ရွက်ပေး

ရေနံချောင်း မေ ၂၂

မကွေးတိုင်းဒေသကြီး ရေနံချောင်းမြို့နယ်၌ ပြည်သူများနိုင်ငံသားအခွင့်အရေးမဆုံးရှုံးစေရန်အတွက် လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့ဆောင်ပုဒ်နှင့်အညီ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူးရုံး၌ ရက်(၁၀၀)စီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID နံပါတ်များကို နေ့ချင်းပြီးဆောင်ရွက်ပေးလျက်ရှိရာ ယမန်နေ့က စိန်ပန်းပင်ကျေးရွာအုပ်စု ချန်ကန်တောင်ကျေးရွာမှ အသက်(၁၀)နှစ်ပြည့်ပြီး ကျောင်းသား/ကျောင်းသူ(၃၀)ဦးအား နေ့ချင်းပြီးဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မြို့နယ်ဦးစီးမှူး ဦးခင်မောင်ဇော်နှင့်ဝန်ထမ်းများက လိုအပ်သည့်အချက်အလက်များကောက်ယူပြီး နိုင်ငံသားစိစစ်ရေးကတ်အသစ်ပြုလုပ်ပေးခြင်း၊ အသက်(၁၈)နှစ်ပြည့်ပြီး ကတ်လဲလှယ်ခြင်း၊ ဇီဝဆိုင်ရာအချက်အလက်(Biometric)ကောက်ယူပြီး UID နံပါတ်ထုတ်ပေးခြင်းများကို ရက်(၁၀၀)စီမံချက်ဖြင့် ဧပြီ ၂၀ ရက်နေ့မှ စတင်ဆောင်ရွက်ခဲ့ရာ ယနေ့အထိ အသက်(၁၀)နှစ်ပြည့်ပြီး ပြည်သူ(၇၉၆)ဦး၊ အသက်(၁၈)နှစ်ပြည့်ပြီး ပြည်သူ(၇၁)ဦး၊ UID နံပါတ်(၁၅၈၂)ဦးတို့အား ဆောင်ရွက်ပေးပြီးဖြစ်ကြောင်း သိရသည်။

ကိုစိုးကြီး