အရာတော် မေ ၂၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ အရာတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မှ စာစီစာကုံးရေးသားနည်းသင်တန်းကို မေလ ၂၁ ရက် နံနက် ၁၀ နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ဖွင့်လှစ်ခဲ့သည်။
အဆိုပါသင်တန်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ဦးစီးအရာရှိက သင်တန်းဖွင့်လှစ်ရခြင်း ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားသည်။ ထို့နောက် (Book Club) အဖွဲ့ဝင် ဦးမျိုးညွှန့်က စာစီစာကုံးကောင်းတစ်ခုဖြစ်မြောက်ရန်အတွက် နိဒါန်း (Introduction)၊ စာကိုယ် (Body)၊ နိဂုံး (Conclusion) စသည့် စနစ်တကျ ပြင်ဆင်ရေးသားရမည့် အခြေခံအချက်အလက်များကို ရှင်းလင်းသင်ကြားပို့ချခဲ့သည်။
စာစီစာကုံးရေးသားနည်းသင်တန်းကို ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း (၁၅) ဦး တက်ရောက် ခဲ့ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)
စိုးဝေအောင်