ကျောက်ဆည် မေ ၂၂
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့နယ်၌ ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး တောင်သူများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့နံနက် ၁၀ နာရီက ငါးလုံကုန်းကျေးရွာရှိ ကျေးရွာခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။
အခမ်းအနားသို့ မန္တလေးတိုင်းဒေသကြီး သမဝါယမဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးအောင်ဝင်း၊ ကျောက်ဆည်မြို့နယ် သမဝါယမဦးစီးဌာနမှဦးစီးအရာရှိနှင့် ဝန်ထမ်းများ၊ မြို့နယ်သမဝါယမအသင်းစုမှ အမှုဆောင်များသည် ပြည်သူများ၏လူမှုစီးပွားဘဝမြှင့်တင်ရေးအတွက် ငါးလုံကုန်းကျေးရွာရှိ စိုက်ပျိုးရေးနှင့်အထွေထွေသမဝါယမအသင်းသို့ သွားရောက်ကာ ကွင်းအမှတ် (၁၆၂)ရှိ တစ်ဆက်တစ်စပ်တည်း လယ်ဧက(၁၀၈.၈၄)ဧကအား ကန်ထရိုက်လယ်ယာစနစ်ဖြင့် အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။
စုစုအေး(ကျောက်ဆည်)