ဒေးဒရဲမြို့နယ်၌ K.G နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် (ဆင့်ပွား)ဆွေးနွေးပွဲအား ဆက်လက်ပို့ချ

ဒေးဒရဲ မေ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ​ဒေးဒရဲမြို့နယ်တွင် K.G နှင့် Grade-1 သင်ပြနည်းစနစ်နှင့် မူကြိုသင်ပြနည်းစနစ် ချိတ်ဆက်ဆောင်ရွက်နိုင်ရေးအတွက် ရှေးဦးအရွယ်ကလေးသူငယ် ပြုစုပျိုးထောင်ရေးနှင့်ဖွံ့ဖြိုးရေးဆိုင်ရာ မြို့နယ်အဆင့်(ဆင့်ပွား) ဆွေးနွေးပွဲသင်တန်းကို မေ ၂၀ ရက်နေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မေထက်တန်းကျောင်းတွင် ဆက်လက်ပို့ချ​​ပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ ဆွေးနွေးပွဲတွင် ကလေးစိတ်ပညာ၊ သင်ယူမှုအခြေခံအုတ်မြစ်များ သင်ယူမှုပုံစံများ၊ မိသားစုပုံစံအမျိုမျိုးနှင့် မိဘရပ်ရွာ ပူးပေါင်းဆောင်ရွက်ခြင်း၊ ECIနှင့် အထူးဂရုပြုစောင့်ရှောက်ရန် လိုအပ်သောကလေးများနှင့် သင်ကြားမှုနည်းလမ်းများ၊ ကလေးများအား ကြည့်ရှုလေ့လာခြင်း၊ KG သင်ရိုးမိတ်ဆက်၊ ကလေးဖွံ့ဖြိုးမှု၊ ဘာသာစကားဖွံ့ဖြိုးမှု၊ ကလေးသဘောသဘာဝနှင့် အခြေခံလိုအပ်ချက်များ၊ ကစားခြင်းဖြင့် သင်ကြားခြင်းစသည့် ဘာသာရပ်များကို သင်ကြားပို့ချပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ မြို့နယ်အဆင့်ဆွေးနွေးပွဲ (၂၀၂၆) ခုနှစ်၊ မေလ ၁၄ ရက်နေ့မှ ၂၄ ရက်နေ့အထိ သင်တန်းနည်းပြ ဆရာ၊ ဆရာမ()ဦး သင်ကြားပို့ချပေးလျက်ရှိရာ ​ဒေးဒရဲမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ဆရာ၊ ဆရာမ စုစုပေါင်း(၂၁၆)ဦး တက်ရောက် လေ့လာလျက်ရှိကြောင်း သိရသည်။

အေဇာလင်း