Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှုများအား လိုက်လံကြည့်ရှု
Mar 12,2024
မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးမျိုးအောင်သည် တိုင်းဒေသကြီးအစိုးရ အဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်းဒေသကြီးပညာရေးမှူးနှင့် တာဝန်ရှိသူများ လိုက်ပါပြီး ယနေ့ နံနက်ပိုင်းက အခြေခံပညာအထက်ကျောင်းများတွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသား/ကျောင်းသူများ အေးချမ်းစွာ ဖြေဆိုနေမှုများကို လိုက်လံကြည်ရှုကြသည်။
အပြည့်အစုံ ဖတ်ရန်
မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်းတွင် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်
Mar 12,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
ပုန်းမကြည်ရှင်မ ပူဇော်ပသရန်အတွက် အခါမုန့်ခေါ် မုန့်ဆီကြော်နှင့် ချစ်စရာ အညာရိုးရာဓလေ့များ
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်ရှိ ကျေးရွာများတွင် အညာတောင်သူများ ယုံကြည်ကိုးကွယ်သည့် ပုန်းမကြည်ရှင်မ ပူဇော်ပသသည့်၊ တပေါင်းလဆန်း (၃)ရက်နေ့ဖြစ်သော၊ မတ်လ(၁၂)ရက် နေ့တွင် အညာအခေါ် ပုန်းမကြည်မှောက်ခြင်း(ပူဇော်ပခြင်း) အလေ့အထ ဆောင်ရွက်ရန်အတွက် ယမန်နေ့ ညနေပိုင်းမှစတင်၍ အခါမုန့် ခေါ် မုန့်ဆီကြော် ကြော်ခြင်း၊ ပုန်းမကြည်ပန်းခူးခြင်းများကို ကျေးရွာများရှိ မိသားစုတိုင်း ပျော်ရွှင်စွာဆောင်ရွက်နေကြကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
ပလင်းကမ်းသာယာဆင်စခန်းရှိဆင်များအား Online မှတဆင့်ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှု (၇၉၀) ကြိမ်ရှိလာ
Mar 12,2024
မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် မြင်းခြံ-ပခုက္ကူကားလမ်းမကြီးဘေး၊ အနောက်ပုလင်းကျေးရွာအနီး ဧရာဝတီ မြစ်ကမ်းဘေးတွင် ဖွင့်လှစ်ထားရှိသည့် ပလင်းကမ်း သာယာဆင်စခန်း၌ မြန်မာပြည်အရပ်ရပ်မှ ဆင်ချစ်သူများက Online မှတဆင့် ဆက်သွယ်၍ ဆင်စာဘူဖေးကျွေးမှုများ များပြားလာလျှက်ရှိရာ ဆင်စာဘူဖေးကျွေးမှု (၇၉၀) ကြိမ်ရှိလာပြီဖြစ်ကြောင်း ပလင်းကမ်းသာယာဆင်စခန်း တာဝန်ရှိသူများထံက သိရသည်။
အပြည့်အစုံ ဖတ်ရန်
တနိုင်းမြို့နယ်အတွင်းရှိ တက္ကသိုလ်ဝင်တန်းစာမေးပွဲ စာစစ်ဌာန (၂)ခုတွင် ကျောင်းသား/ကျောင်းသူ (၃၄၄) ဦးအင်္ဂလိပ်စာဘာသာ အေးချမ်းစွာစတင်ဖြေဆို
Mar 12,2024
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၂) ခုတွင် ယနေ့နံနက်က ကျောင်းသား /ကျောင်းသူ (၃၄၄) ဦး အင်္ဂလိပ်စာဘာသာ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၇ မိုင်အနက် ၂ မိုင် ကျောက်ခင်းခြင်းလုပ်ငန်း ရာနှုန်းပြည့်ဆောင်ရွက်ပြီးစီး
Mar 12,2024
နယ်စပ်ရေးရာဝန်ကြီးဌာန၊ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ “နယ်စပ်ဒေသတွင် လူမှုစီးပွားဘဝအခြေခံအဆောက်အအုံများ အမြန်ဖွံ့ဖြိုးတိုးတက်စေရမည်” ဟူသောဆောင်ပုဒ်နှင့်အညီ နယ်စပ်ဒေသများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် အကောင် အထည်ဖော်ဆောင်ရွက်လျက်ရှိရာ ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ်၊ နယ်စပ်ဒေသဖွံ့ဖြိုးရေး ပြည်ထောင်စုရန်ပုံငွေ ၃၀၂ ဒသမ ၇၈၀ သန်းဖြင့် ကရင်ပြည်နယ်၊ လှိုင်းဘွဲမြို့နယ်၊ ရှမ်းရွာသစ်-လေးဝါးလမ်း ၂၀/၇ မိုင်အနက် ၂/၀ မိုင် ကျောက်ခင်းခြင်းလုပ်ငန်းမှာ ဖေဖော်ဝါရီလ ၂၃ ရက်နေ့တွင် လုပ်ငန်းများ ရာနှုန်းပြည့် ဆောင်ရွက်ပြီးစီးခဲ့ပြီးဖြစ်သည်။
အပြည့်အစုံ ဖတ်ရန်
သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့စတင်ဖြေဆိုမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှု
Mar 12,2024
မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက စာစစ်ဌာန ၅ ခုဖြင့် စတင်ဖြေဆိုရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး စာစစ်ဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9371
Page
9372
Page
9373
Page
9374
Current page
9375
Page
9376
Page
9377
Page
9378
Page
9379
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department