အမြို့မြို့အနယ်နယ်သတင်းများ

Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က (၁) သာယာဝတီစာစစ်ဌာနနှင့် အ.ထ.က (သုံးဆယ်) စာစစ်ဌာနဟူ၍ စာစစ်ဌာန (၂) ခုဖြင့် ဖွင့်လှစ်ထားရှိပြီး မတ်လ ၁၁ ရက် နံနက် ၉ နာရီအချိန်က မြန်မာစာဘာသာရပ်အေးချမ်းစွာ စတင်ဖြေဆိုကျင်းပလျက်ရှိသည်။
Mar 11,2024
ကရင်ပြည်နယ်၊ မြဝတီမြို့နယ်တွင်  ၂၀၂၃-၂၀၂၄  ပညာသင်နှစ်  တက္ကသိုလ်ဝင်စာမေးပွဲ၌  မြန်မာစာဘာသာ ဝင်ရောက်ဖြေဆိုသူ ကျောင်းသား၊ ကျောင်းသူ ၂၉၄ ဦး ရှိကြောင်း သိရသည်။
Mar 11,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်အတွင်းရှိ လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသည့် အသက်(၈၅)နှစ်နှင့်အထက် သက်ကြီးဘိုးဘွားများအား ၂၀၂၃- ၂၀၂၄ ဘဏ္ဍာရေးနှစ်(ဇန်နဝါရီ၊ ဖေဖော်ဝါရီ၊ မတ်) စတုတ္ထသုံးလပတ်အတွက် လူမှုရေးပင်စင်ငွေ ထောက်ပံ့ပေးအပ်ခြင်းကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်လူမှုဝန်ထမ်း ဦးစီးဌာနနှင့် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ရပ်ကျေးစာရေးဝန်ထမ်းများ၊ မိခင်ကလေးစောင့်ရှောက်ရေးနှင့် အမျိုးသမီးရေးရာအသင်း ပူးပေါင်းအဖွဲ့က သက်ကြီးဘိုးဘွားများ၏ နေအိမ်များသို့ သွားရောက်ကာ အိမ်တိုင်ရာရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
Mar 11,2024
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ပန်းတောင်းမြို့နယ်၊ နှစ်ကျပ်ခွဲကျေးရွာအုပ်စု ရွှေသိမ်တော်ဘုန်းတော်ကြီးကျောင်းဓမ္မရုံ၌ ယနေ့မွန်းလွဲ ၂ နာရီအချိန်က ကျောက်ပန်းတောင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့၊ အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယမြို့နယ် အုပ်ချုပ်ရေးမှူးတို့မှ သွားရောက်ကာ ပြည်သူ့စစ်မှုထမ်း ဥပဒေဆိုင်ရာ သိကောင်းစရာ ဟောပြောပွဲကျင်းပခဲ့ကြောင်း သိရသည်။
Mar 11,2024
မွန်ပြည်နယ်အတွင်း အ​ခြေခံပညာအဆင့်ဖြစ်သည့် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆိုနိုင်ရေးအတွက် အလေးထားဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများသည် ယနေ့နံနက်ပိုင်းက ​​​မော်လမြိုင်မြို​ပေါ်ရှိ အမှတ် (၁၂) ခြေခံပညာအထက်တန်းကျောင်း၊ အ​ခြေခံပညာအထက်တန်းကျောင်း (ရွှေနတ်တောင်) နှင့် အမှတ် (၆) အခြေခံပညာအထက်တန်းကျောင်းသို့​ ရောက်ရှိခဲ့ပြီး ​​တက္ကသိုလ်ဝင်စာမေးပွဲအား ကျောင်းသူ၊ ​ကျောင်းသား​လေးများ စိတ်အေးချမ်းသာစွာ စာမေးပွဲဖြေဆို​နေကြမှုအ​ပေါ် ကြည့်ရှုအား​ပေးခဲ့သည်။
Mar 11,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ ဟိုမိန်းမြို့ ပြည်သူများအအနေဖြင့် ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သတင်းအချက်အလက်များကို ကောင်းစွာသိရှိပြီး သတင်းအမှန်များ သိရှိစေရန်၊ ပြည်သူလူထုအကြား ထင်ယောင်ထင်မှားဖြစ်စေမည့် ကောလဟလသတင်းများ ပျံ့နှံ့လာမှုအပေါ် ယုံကြည်မှုမရှိစေရန် ရည်ရွယ်၍ ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာသိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲကို ယနေ့နံနက် ၉ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
Mar 11,2024
ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ လှိုင်သာယာ(အနောက်ပိုင်း)မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်း စာမေးပွဲကို ယနေ့နံနက် ၉ နာရီက စတင်ဖြေဆိုရာ မြန်မာစာဘာသာရပ်တွင် ကျောင်းသား/ ကျောင်းသူ (၄၈၃)ဦး ဝင်ရောက်ဖြေဆိုကြကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။