အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
၂၀၂၃ -၂ ၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်း မတ်လ ၁၁ ရက်နေ့မှ စတင်ဖြေဆိုလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အင်္ဂလိပ်စာဘာသာရပ် (ဒုတိယနေ့) အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
မကွေးတိုင်းဒေသကြီး၊ အောင်လံခရိုင်၊ ဆင်ပေါင်ဝဲမြို့နယ်၊ ချောင်းကောက်ကျေးရွာ အောင်ကောင်းမြတ်နှမ်းရိုးဖြင့် သဘာဝမြေဩဇာထုတ်လုပ်ရေးသမဝါယမလီမီတက်သို့ သမဝါယမနှင့် ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဦးမြင့်စိုးနှင့် တာဝန်ရှိသူများမှ ယမန်နေ့နံနက်ပိုင်းအချိန်က အဆိုပါကျေးရွာရှိ သမဝါယမစနစ်ဖြင့် သဘာဝမြေဩဇာ ထုတ်လုပ်မည့်တောင်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။
Mar 12,2024
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂) ခုဖြင့်ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ် မီးသတ်ဦးစီးဌာနမှ မြို့မဈေး (ပျဉ်းမနား) ၌ မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် သရုပ်ပြပွဲကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့ရာ နေပြည်တော်တိုင်းမီးသတ်ဦးစီးမှူး၊ ညွှန်ကြားရေးမှူး  ဦးမြတ်သီဟ၊ ပျဉ်းမနားခရိုင် မီးသတ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦးဟိန်းမင်းထိုက်နှင့် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ ဈေးသူ၊ ဈေးသားများနှင့် ရပ်ကွက်/ကျေးရွာပြည်သူများ တက်ရောက်ခဲ့ကြကြောင်းသိရသည်။
Mar 12,2024
အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမားမျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားလပ်ရက် အခြေခံအားကစားသင်တန်းများကို မတ်လ (၄) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွှင်စွာတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။
Mar 12,2024
၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ် စာဘာသာရပ်ကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား/သူများ ယနေ့ နံနက် (၉) နာရီအချိန်မှစတင်ကာ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။
Mar 12,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၄၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၈၆၇၆ ဦး ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၄၂၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
Mar 12,2024
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာမြို့၌ တက္ကသိုလ်ဝင်တန်း စာမေးပွဲ ဝင်ရောက်ဖြေဆိုသည့် ကျောင်းသူ/ကျောင်းသားများ ယာဉ်အန္တရာယ် ကင်းရှင်းစေရေးအတွက် အမှတ် (၉၆) ယာဉ်ထိန်း ရဲတပ်ဖွဲ့ စု(မိတ္ထီလာ)မှ ယာဉ်ထိန်းရဲတပ်ဖွဲ့စုမှူးနှင့် တပ်ဖွဲ့ဝင်များက နေ့စဉ် ဆောင်ရွက်ပေး လျက်ရှိကြောင်း သိရသည်။