ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်

ညောင်ဦး မတ် ၁၂

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ညောင်ဦးမြို့နယ် မီးသတ်ဦးစီးဌာနအနေဖြင့် ညောင်ဦးမြို့နယ်အတွင်း မီးလောင်မှု/မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိ​ကြောင်း သိရသည်။

ယခုအခါ ပွင့်လင်းရာသီသို့ ရောက်ရှိလာသည်နှင့်အညီ မြို့နယ်အတွင်း မီးလောင်မှု /မီးလန့်မှုများ လျော့နည်းကျဆင်းရေးအတွက် ရပ်ကွက်/ကျေးရွာများအတွင်းရှိ စက်ရုံ/အ လုပ်ရုံများ၊ ဟိုတယ်၊ မိုတယ်၊ တည်းခိုခန်းများ၊ စက်သုံးဆီအရောင်းဆိုင်များ၊ ဈေးများ၊ ဌာနဆိုင်ရာ ရုံးများနှင့် အခြားမီးဘေးစိုးရိမ်ရသော လုပ်ငန်းများ အပါအဝင် ဘုန်းတော်ကြီးကျောင်းများကိုလည်း မီးဘေးကြိုတင်ကာကွယ်ရေးအတွက် စစ်ဆေးအကြံပြုခြင်း၊ အသိပညာပေး ဟောပြောပို့ချခြင်း၊ လက်တွေ့ဇာတ်တိုက်လေ့ကျင့်ခြင်းလုပ်ငန်းများအား မန္တလေးတိုင်းဒေသကြီး မီးသတ်ဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးဇော်ဝင်းထွန်း၏ လမ်းညွှန်ချက်နှင့်အညီ အရှိန်အဟုန် တိုးမြှင့်ဆောင်ရွက်လုပ်ကိုင်လျက်ရှိကြောင်း သိရသည်။

မတ်  ၁၂ ရက်၊ နံနက် ၉ နာရီအချိန်တွင် ဌာနဆိုင်ရာရုံးများ မီးဘေးကြိုတင်ကာကွယ်ရေး အတွက် ညောင်ဦးမြို့ အမှတ် ၃ ရပ်ကွက်အတွင်းရှိ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ ရုံးအတွင်း ညောင်ဦးမြို့နယ် မီးသတ်ဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ သွားရောက် စစ်ဆေးအကြံပြုခြင်းလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြပြီး ရုံးဝန်ထမ်းများအား မီးဘေးကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြောပို့ချခြင်း၊ မီးသတ်ဆေးဘူး ထားသိုသိမ်းဆည်းနည်း၊ စစ်ဆေးနည်းနှင့် အသုံးပြုနည်းများ ရှင်းလင်းပြောကြားခြင်း၊ လက်တွေ့မီးငြှိမ်းသတ်ရေး ဇာတ်တိုက်လေ့ကျင့်ခြင်းတို့အား မြန်မာ့ဆက်သွယ်ရေး ဝန်ထမ်းများနှင့်အတူ ပူးပေါင်းဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ပြီးနောက် မြို့နယ်မီးသတ်ဦးစီးမှူး ဦးဆောင်သော စစ်ဆေးရေးအဖွဲ့မှ မြန်မာဆက် သွယ်ရေးလုပ်ငန်းတွင် အရေးပေါ် မီးငြှိမ်းသတ်ရေးလုပ်ငန်းအတွက် ရေသိုလှောင်ထားရှိမှု အခြေအနေများ၊ လျှပ်စစ်မီးသွယ်တန်း အသုံးပြုမှု အခြေအနေများ၊ ပတ်ဝန်းကျင်မီးဘေး စိုးရိမ်ရမှုအခြေအနေများ၊ မီးသတ်ယာဉ် ဝင်/ထွက်လမ်းများ စစ်ဆေးအကြံပြုခြင်းနှင့် အရေးပေါ် မီးငြှိမ်းသတ်ရေးနှင့် အရေးပေါ် လွတ်မြောက်မှုဆိုင်ရာ စနစ်များ တပ်ဆင်ထားရှိ စေရေးတို့အတွက် စစ်ဆေးအကြံပြုခြင်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ဒီပါလင်း