အမြို့မြို့အနယ်နယ်သတင်းများ

Mar 12,2024
တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် လူမှုဝန်ထမ်းဦးစီးဌာနမှ‌ ထောက်ပံ့‌ပေးအပ်သော(၂၀၂၃-၂၀၂၄) ဘဏ္ဍာ ရေးနှစ်၊ တတိယ(၃)လပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာ)လများအတွက် အသက်(၈၅)နှစ်နှင့်အထက် လူမှုရေးပင်စင် အကျိုးခံစား ခွင့်ရှိသူ ဘိုးဘွား(၁)ဦးလျှင် ထောက်ပံ့ငွေကျပ်(၃၀၀၀၀/-)ကျပ်နှုန်းဖြင့် ထောက်ပံ့‌‌ငွေများကို ဘိုးဘွားများထံသို့ လက်ဝယ်အရောက် ပေးအပ်လျက်ရှိကြောင်း သိရသည်။
Mar 12,2024
ရခိုင်ပြည်နယ်၊ မောင်တောခရိုင်၊ မောင်တောမြို့နယ်၌ ၂၀၂၃-၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲအား စာစစ်ဌာန ၂ ခု ဖွင့်လှစ်၍ ယမန်နေ့နံနက် ၉ နာရီအချိန်တွင် သက်ဆိုင်ရာ စာစစ်ဌာနများတွင် မြန်မာစာဘာသာရပ်အား ကျောင်းသား၊ ကျောင်းသူများတည်ငြိမ်အေးချမ်းစွာဖြင့် ဝင်ရောက်ဖြေဆိုလျက်ရှိသည်။
Mar 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့တွင် ရပ်ကွက်များအတွင်းရှိ အိမ်မွေးခွေးစာရင်း ကောက်ယူခြင်းကို ယနေ့နံနက် (၉) နာရီက မြို့ပေါ်ရပ်ကွက်များအလိုက်ဆောင်ရွက်သည်။
Mar 12,2024
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့နယ်တွင် တတိယသုံးလပတ်အတွက် အသက် (၈၅) နှစ်အထက် သက်ကြီးဘိုးဘွားများအတွက် လူမှုရေးပင်စင် ထောက်ပံ့ငွေနှင့် MCCT ကိုယ်ဝန်ဆောင်မိခင်များနှင့် ၎င်းတို့မှမွေးဖွားလာသော အသက် (၂) နှစ်အောက်ကလေးများ‌အားထောက်ပံ့‌ငွေပေးအပ်ပွဲ အခမ်းအနားကို ယမန်နေ့‌ညနေ (၃:၃၀) နာရီအချိန်က ရွှေသာလျောင်းဘုရား ဓမ္မာရုံကြီး၌ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Mar 12,2024
စစ်ကိုင်းခရိုင်/ မြို့နယ်ပညာရေးမှူးရုံးမှ ကြီးမှူး၍ အခြေခံပညာကျောင်းများမှ ကျောင်းအုပ်ကြီးများ၊ ဆရာ/ဆရာမများအား ပြည်သူ့စစ်မှုထမ်းဥပဒေဆိုင်ရာ သိကောင်းစရာထပ်ဆင့်ရှင်းလင်းပွဲကို မတ် (၁၁) ရက်၊ မွန်းလွဲ(၂)နာရီက အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပပြု လုပ်ခဲ့သည်။
Mar 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် မုံ့မျိုးစုံလုပ်ငန်း လုပ်ကိုင်ခြင်းဖြင့် မိသားစုဝင်ငွေရရှိပြီး အဆင်ပြေလျက်ရှ်ိကြောင်း သိရသည်။
Mar 12,2024
(၇၉) နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျွေးရွာဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းစီမံကိန်း (VDP) ဖြင့်ဆောင်ရွက်သောလပွတ္တာခရိုင်၊ လပွတ္တာမြို့နယ်၊ ကန့်ဘလာကျေးရွာ ကွန်ကရစ်ဘီးလမ်းသစ်ဖွင့်ပွဲကို ယမန်နေ့ နံနက် ၁၀ နာရီအချိန်ကအဆိုပါကျေးရွာ၌ ကျင်းပခဲ့သည်။
Mar 12,2024
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန  Community Centre ခန်းမ၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်က ကျောင်းသား၊‌ ကျောင်းသူများအား အခြေခံပန်းချီရေးဆွဲနည်းသင်တန်းကို ဖွင့်လှစ်သင်ကြားပေးခဲ့ကြောင်း သိရသည်။