တနိုင်း မတ် ၁၂
ကချင်ပြည်နယ်၊ တနိုင်းခရိုင်၊ တနိုင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို စာစစ်ဌာန (၂) ခုတွင် ယနေ့နံနက်က ကျောင်းသား /ကျောင်းသူ (၃၄၄) ဦး အင်္ဂလိပ်စာဘာသာ အေးချမ်းပျော်ရွှင်စွာ ဆက်လက်ဖြေဆိုလျက်ရှိ ကြောင်းသိရသည်။
တနိုင်းမြို့နယ်အတွင်း ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပသည့် စာစစ်ဌာန (၂) ခုဖြစ်သော အ.ထ.က (၁) တနိုင်းနှင့် အထက-ရှင်ဗွေယန်စာစစ်ဌာနတို့တွင် စာရင်းရှိ ကျောင်းသား/ ကျောင်းသူ (၃၅၈) ဦး ရှိသည့်နက် ယနေ့ အင်္ဂလိပ်စာဘာသာအား ဖြေဆိုသူဦးရေ (၃၄၄)၊ ပျက်ကွက်သူဦးရေ (၁၄) ဦးရှိပြီး ဖြေဆိုရာခိုင်နှုန်း (၉၆%) ရှိကြောင်း မြို့နယ် ပညာရေးမှူးရုံးမှသိရသည်။
တက္ကသိုလ်ဝင်တန်းစာမေးပွဲ ကျင်းပလျက်ရှိသည့် စာစစ်ဌာနများအား ဒေသကွပ်ကဲရေးမှူး ဗိုလ်မှူးချုပ်မြတ်မင်းမိုး၊ တနိုင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးဇော်လင်းနှင့် တာဝန်ရှိသူများက ကျောင်းသား/ ကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် လိုက်လံကြည့်ရှုစစ်ဆေးခဲ့ကြပြီး စာမေးပွဲကြီးကြပ်ရေးဆရာ/ဆရာမများ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက စာစစ်ဌာနအလိုက် စောင့်ကြပ်၍ ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေကြားနိုင်ရန် ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
မနောမြေ (တနိုင်း)