မန္တလေးတိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်းတွင် ရုံးစာရေးသားနည်း သင်တန်းဖွင့်လှစ်

မန္တလေး  မတ် ၁၂

မန္တလေးတိုင်းဒေသကြီး၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သော ရုံးစာရေးသားနည်းသင်တန်းကို ယမန်နေ့နံနက် ၉ နာရီက မန္တလေး၊ အောင်မြေသာစံမြို့နယ်ရှိ တိုင်းဒေသကြီး ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန သင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းတွင် တိုင်းဒေသကြီးဦးစီးမှူး ညွှန်ကြားရေးမှူးနှင့် ခရိုင်အသီးသီးမှ လက်ထောက်ညွှန်ကြား‌ရေးမှူးများက ရုံးလုပ်ငန်းသဘောတရား၊ ရုံးစာအမျိုးအစား၊ အခြေခံ ရမည့်အချက်များ၊ စာဝင်/စာထွက်၊ စာဖိုင်တွဲခြင်း၊ ရုံးစာလုံခြုံရေး၊ အစည်းအဝေး မှတ်တမ်းတင် ခြင်းနှင့် စီမံချက်ရေးဆွဲနည်း စသည့်ဘာသာရပ်များကို မတ်လ ၁၁ ရက်နေ့မှ မတ်လ ၁၅ ရက်နေ့အထိ ငါးရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကာ တိုင်းဒေသကြီးအတွင်းရှိ မြို့နယ်အသီးသီးမှ စာရေးဝန်ထမ်း ၃၀ ဦးက zoom စနစ်ဖြင့် တက်ရောက်ကြကြောင်း သိရသည်။

မြင့်မော်ထွန်း(ပြန်/ဆက်)