သာစည်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့စတင်ဖြေဆိုမှု တာဝန်ရှိသူများ လိုက်လံကြည့်ရှု

သာစည် မတ် ၁၂

မန္တလေးတိုင်းဒေသကြီး သာစည်မြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ယမန်နေ့နံနက် ၉ နာရီက စာစစ်ဌာန ၅ ခုဖြင့် စတင်ဖြေဆိုရာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ပညာရေးမှူးဦးလှထွန်းနှင့်တာဝန်ရှိသူများက လိုက်လံကြည့်ရှုပြီး စာစစ်ဌာန တာဝန်ရှိသူများနှင့်တွေ့ဆုံကာ အားပေးစကားများပြောကြား၍ လိုအပ်သည်များ ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

သာစည်မြို့နယ်၌ စာစစ်ဌာန ၅ ခုဖြင့်ကျောင်းသား/သူ ၉၁၆ ဦးဝင်ရောက်ဖြေဆိုလျက်ရှိပြီး ဖြေဆိုချိန်တွင် ကျောင်းသား/သူများစိတ်အေးချမ်းစွာဖြေဆိုနိုင်ရန်အတွက်အပြင် စည်းလုံခြုံရေးကို မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ မီးသတ်တပ်ဖွဲ့ဝင်များ၊ စာရေးဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အထောက်အကူပြုအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်းသိရသည်။

မြို့နယ်(ပြန်/ဆက်)