မုဒုံမြို့နယ်ရှိ ကျောင်းသား၊ ကျောင်းသူများ တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို

မုဒုံ မတ် ၁၂

၂၀၂၃-၂၀၂၄ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ် စာဘာသာရပ်ကို မွန်ပြည်နယ် မုဒုံမြို့နယ်ရှိ စာစစ်ဌာနနှစ်ခုတွင် ကျောင်းသား/သူများ ယနေ့ နံနက် () နာရီအချိန်မှစတင်ကာ အေးချမ်းစွာဖြေဆိုလျက်ရှိကြောင်း သိရသည်။

မုဒုံမြို့နယ်အတွင်းရှိ စာစစ်ဌာနများဖြစ်သည့် အ.ထ.က () မုဒုံ၊ အ.ထ.က (ကမာဝက်) စာစစ်ဌာနတို့တွင် စာမေးပွဲဖြေဆိုရန် စာရင်းသွင်းထားသူ ၇၆၆ ဦးရှိသည့်အနက် ဝင်ရောက်ဖြေဆိုသူ ၇၄၈ ဦးရှိပြီး ပျက်ကွက်သူ ၁၈ ဦးရှိသဖြင့် ၉၇ ဒသမ ၆၅ ရာခိုင်နှုန်းဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

တက္ကသိုလ်ဝင်စာမေးပွဲကို ချောမွေ့စွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးပြည်သိမ်းနှင့်အဖွဲ့ဝင်များ၊ တာဝန်ရှိသူများတို့က ပူးပေါင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

အောင်မျိုးသူ (ပြန်/ဆက်)