Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင် ၂၀၂၄ ပညာသင်နှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုနေမှု လာရောက်ကြည့်ရှု အားပေး
Mar 12,2024
မန္တလေးတိုင်းဒေသကြီး၊ အမရပူရမြို့နယ်၊ ယန္တရား (အထက) ကျောင်းသို့ ယနေ့ နံနက် ၉ နာရီခွဲ အချိန်က မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်၊ လူမှုရေးဝန်ကြီး ဦးအောင်ကျော်မိုး၊ စီးပွားရေးဝန်ကြီး ဦးသိန်းဌေး၊ လမ်းပန်းဝန်ကြီး ဦးအောင်ဇော်ဦး၊ မန္တလေးတိုင်းဒေသကြီးရဲတပ်ဖွဲ့မှူး ရဲမှူးချုပ် စိန်လွင်၊ အမရပူရခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်ငြိမ်းနှင့် အဖွဲ့ဝင်များ ရောက်ရှိလာပြီး တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ် ဖြေဆိုနေမှုများကို လှည့်လည်ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လူထုအခြေပြုဗဟိုဌာန၊ Community Centre (Lashio) တွင် တွဲဖက်ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဆင်းပွဲ ပြုလုပ်
Mar 12,2024
ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ဦးစီးဌာနလုပ်ငန်းတာဝန်များကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အရာထမ်း၊ အမှုထမ်းများ၏ တစ်ဦးချင်း အရည်အသွေး တိုးတက်မြင့်မားလာစေရေး၊ ရုံးလုပ်ငန်း ကျွမ်းကျင်မှုရှိစေရေး၊ သတင်းပြန်ကြားရေးလုပ်ငန်းများ၊ ပြည်သူ့ဆက်ဆံရေးအသိပညာပေးလုပ်ငန်းများ၊ ပြည်သူ့စာကြည့်တိုက်လုပ်ငန်းများ၊ ထိရောက်အောင်မြင်အောင် ဆောင်ရွက်နိုင်ရေးတို့အတွက် ဝန်ထမ်းများအား လုပ်ငန်းစွမ်းဆောင်ရည်တိုးတက်မြင့်မားရေးသင်တန်းများ ဖွင့်လှစ်ပေးလျက်ရှိရာ ရှမ်းပြည်နယ် (မြောက်ပိုင်း) ရှိ ခရိုင်၊ မြို့နယ်၊ မြို့ရုံးများမှ လားရှိုးတွင် တွဲဖက်တာဝန်ထမ်းဆောင်နေသည့် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြှင့်မားရေးသင်တန်းဆင်းပွဲကို မတ်လ ၉ ရက်နေ့ ညနေ (၃)နာရီအချိန်က လူထုအခြေပြုဗဟိုဌာန (လားရှိုး) ရှိ သင်တန်းခန်းမတွင် ကျင်းပသည်။
အပြည့်အစုံ ဖတ်ရန်
သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ အင်္ဂလိပ်စာဘာသာရပ်ဖြေဆို
Mar 12,2024
မွန်ပြည်နယ်၊ မော်လမြိုင်ခရိုင်၊ သံဖြူဇရပ်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို အ.ထ.က(၁)သံဖြူဇရပ်နှင့် အ.ထ.က (၂) သံဖြူဇရပ်စာစစ်ဌာန (၂) ခုဖြင့် ယနေ့ နံနက်ပိုင်းမှစ၍ (အင်္ဂလိပ်စာဘာသာရပ်) ကိုကျောင်းသား၊ ကျောင်းသူများမှ အေးချမ်းစွာဖြင့် ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့နယ်၊နဘူးကွဲကျေးရွာ၌မြစိမ်းရောင်ကျေးရွာစီမံကိန်းရန်ပုံငွေထုတ်ချေး
Mar 12,2024
သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကျေးလက်နေပြည်သူများ တစ်နိုင်တစ်ပိုင် စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် မိသားစုဝင်ငွေတိုးစီးပွားရေးလုပ်ငန်းများ ဆောင်ရွက်နိုင်စေရန် ရည်ရွယ်၍ မြစိမ်းရောင်ကျေးရွာစီမံကိန်း အရင်းမပျောက်လည်ပတ်ရန်ပုံငွေ နဝမစက်ဝန်း ထုတ်ချေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက နဘူးကွဲကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာ ဘာသာရပ်ဖြေဆို
Mar 12,2024
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲများကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပလျက်ရှိရာ ရန်ကုန်တိုင်းဒေသကြီး၊ လှည်းကူးခရိုင်၊ လှည်းကူးမြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲ (ဒုတိယနေ့) အင်္ဂလိပ်စာဘာသာရပ်ကို ယနေ့နံနက် ၉ နာရီအချိန်က လှည်းကူးမြို့နယ်အတွင်းရှိ စာစစ်ဌာန (၇) ခုတွင် အေးချမ်းစွာ ဆက်လက်ဖြေဆိုလျက်ရှိသည်။
အပြည့်အစုံ ဖတ်ရန်
ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးခွန်ရဲထွေး ဟိုပုံးမြို့နယ်၌ တိုးချဲ့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုအား ကွင်းဆင်းကြည့်ရှု…
Mar 12,2024
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နွေရာသီ၌ ရေပြတ်လပ်မှုမဖြစ်ပေါ်စေရေးအတွက် ဒေသဖွံ့ဖြိုးရေးရန်ပုံငွေကျပ် (၁၀၉.၃၄) သန်းဖြင့် ဆောင်ရွက် သည့် တောင်ရပ်ကွက်၊ နယ်မြေ (၁) တွင် တိုးချဲ့ရေပေးဝေရေးလုပ်ငန်းဆောင်ရွက်နေမှုကို ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြသည်။
အပြည့်အစုံ ဖတ်ရန်
ရွှေတောင်မြို့နယ်တွင် ၂၀၂၃-၂၀၂၄ ခုနှစ်၊ ဆောင်းနေကြာ လျာထားဧက ရာနှုန်းပြည့် စိုက်ပျိုးပြီးစီး
Mar 12,2024
ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်တွင် ဆောင်းနေကြာ (၇၃၅) ဧက စိုက်ပျိုးရန် လျာထားလျက်ရှိပြီး ရာနှုန်းပြည့် စိုက်ပျိုးပြီးစီးကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းကိုင်မြို့နယ် ရဲစခန်း၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဆောင်ရွက်
Mar 12,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ လွိုင်လင်ခရိုင်၊ မိုင်းကိုင်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနနှင့် အရန်မီးသတ်တပ်ဖွဲ့တို့က ပူးပေါင်း၍ ဌာနဆိုင်ရာရုံးများ၊ ရပ်ကွက်နှင့် ကျေးရွာအုပ်စုများသို့ တစ်အိမ်တက်ဆင်း မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်လျက်ရှိရာ ယမန်နေ့ မွန်းလွှဲပိုင်းက မိုင်းကိုင်မြို့မရဲစခန်း၌ အသိပညာကွင်းဆင်း ဆောင်ရွက်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9366
Page
9367
Page
9368
Page
9369
Current page
9370
Page
9371
Page
9372
Page
9373
Page
9374
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department