မင်းလှ မတ် ၁၂
ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ်တွင် ၂၀၂၃ - ၂၀၂၄ ပညာသင်နှစ်တက္ကသိုလ်ဝင်စာမေးပွဲကို စာစစ်ဌာန (၂) ခုဖြင့်ဖွင့်လှစ်၍ ကျင်းပလျက်ရှိရာ ယနေ့နံနက် ၉ နာရီအချိန်က အင်္ဂလိပ်စာဘာသာရပ်အား အေးချမ်းစွာဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။
မင်းလှမြို့နယ်တွင် အ.ထ.က(မြို့ပြင်)စာစစ်ဌာနနှင့် အ.ထ.က(စစ်ကွင်း) စာစစ်ဌာနတို့ဖြင့် နှစ်ခုထားရှိပြီး ဝင်ရောက်ဖြေဆိုမည့် ကျောင်းသားကျောင်းသူ (၃၆၄) ဦးရေအနက်မှ ယနေ့ အင်္ဂလိပ်စာဘာသာရပ်တွင်ဖြေဆိုသူ ကျား(၁၃၀)ဦး၊ မ(၂၂၃)ဦး၊ စုစုပေါင်း ဖြေဆိုသူဦးရေ (၃၅၃) ဦး၊ ပျက်ကွက် (၁၁) ဦးရှိရာ တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် ၉၆ ဒသမ ၉၈ ရာခိုင်နှုန်း ဖြေဆိုကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုကြသော ကျောင်းသားကျောင်းသူများ အေးချမ်းစွာဖြေဆိုနိုင်ရေးအတွက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဦးဆောင်၍ မြို့နယ်ပညာရေးဌာနနှင့်အတူ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့၊ ကျန်းမာရေးဌာန၊ ကြက်ခြေနီတပ်ဖွဲ့၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ ဌာနဆိုင်ရာအဖွဲ့အစည်းများက လုံခြုံရေးအထူးကြပ်မတ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ပေါက်စ (မင်းလှ)