နေပြည်တော် မတ် ၁၁
၂၀၂၄ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ်ကို ယနေ့နံနက်ပိုင်းက စတင်ကျင်းပရာ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်း၌ စာစစ်ဌာန ၄၇ ခု ဖွင့်လှစ်ဖြေဆိုခဲ့ရာ စာမေးပွဲဖြေဆိုရန် စာရင်းပေးသွင်းသူဦးရေ စုစုပေါင်း ၈၆၇၆ ဦး ရှိပြီး စာမေးပွဲ ပထမနေ့ မြန်မာစာဘာသာရပ် လာရောက်ဖြေဆိုသူ စုစုပေါင်း ၈၄၂၈ ဦးရှိကာ ဖြေဆိုသူရာခိုင်နှုန်း ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း နေပြည်တော်ပညာရေးမှူးရုံးမှ သိရသည်။
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်အတွင်းရှိ တပ်ကုန်းမြို့နယ် စာစစ်ဌာန ရှစ်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၃၃၂ ဦး ရှိကာ ဖြေဆိုသူ ၁၂၈၉ ဦး ရှိပြီး ပျက်ကွက် ၄၃ ဦး၊ ဥတ္တရသီရိမြို့နယ် စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၆၆၁ ဦး ရှိကာ ဖြေဆိုသူ ၆၃၈ ဦးရှိပြီး ပျက်ကွက် ၂၃ ဦး၊ ဇေယျာသီရိမြို့နယ်စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၉၈၁ ဦးရှိကာ ဖြေဆိုသူ ၉၅၁ ဦး ရှိပြီး ပျက်ကွက် ၃၀ ဦး၊ ပုဗ္ဗသီရိမြို့နယ် စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၁၂၄ ဦးရှိကာ ဖြေဆိုသူ ၁၀၉၁ ဦးရှိပြီး ပျက်ကွက် ၃၃ ဦး၊ ပျဉ်းမနားမြို့နယ် စာစစ်ဌာန ငါးခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၁၄၃၃ ဦးရှိကာ ဖြေဆိုသူ ၁၄၀၃ ဦးရှိပြီး ပျက်ကွက် ၃၀ ဦး၊ ဇမ္ဗူသီရိမြို့နယ် စာစစ်ဌာန ခြောက်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၈၆၄ ဦး ရှိကာ ဖြေဆိုသူ ၈၃၁ ဦးရှိပြီး ပျက်ကွက် ၃၃ ဦး၊ လယ်ဝေးမြို့နယ် စာစစ်ဌာန ၁၀ ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၀၁၁ ဦးရှိကာ ဖြေဆိုသူ ၁၉၆၀ ဦးရှိပြီး ပျက်ကွက် ၅၁ ဦး၊ ဒက္ခိဏသီရိမြို့နယ် စာစစ်ဌာနနှစ်ခု၌ စာရင်းရှိ ကျောင်းသား၊ ကျောင်းသူ ၂၇၀ ဦးရှိကာ ဖြေဆိုသူ ၂၆၅ ဦးရှိပြီး ပျက်ကွက် ငါးဦး စုစုပေါင်း စာစစ်ဌာန ၄၇ ခုတို့တွင် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၈၄၂၈ ဦးတို့ဖြေဆိုကြပြီး ပျက်ကွက် ကျောင်းသား၊ ကျောင်းသူ စုစုပေါင်း ၂၄၈ဦး ဖြေဆိုသူရာခိုင်နှုန်း ၉၇ ဒသမ ၁၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။
အဆိုပါ တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုရာတွင် စာစစ်ဌာနများအလိုက် အေးချမ်းစွာ ဖြေဆိုနိုင်ရေး ဆရာ၊ ဆရာမများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးမှူးများ၊ ရဲတပ်ဖွဲ့နှင့် မီးသတ်တပ်ဖွဲ့ဝင်များမှ ကူညီစောင့်ရှောက်ပေး လျက်ရှိကြောင်းသိရသည်။
ထွန်းထွန်းဝင်း(ပြန်/ဆက်)