ညောင်ရွှေမြို့၌ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်ပို့ချပေးလျက်ရှိ

ညောင်ရွှေ မတ် ၁၁

အခြေခံပညာကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီကျောင်းအားလပ်ရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အခြေခံအားကစားနည်းများအတိုင်း စနစ်တကျကစားတတ်စေရန်၊ အားကစားသမားမျိုးဆက်သစ်လက်ရွေးစင်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ အားကစားနှင့်ကာယပညာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းဖွင့်လှစ်သည့် နွေရာသီကျောင်းအားလပ်ရက် အခြေခံအားကစားသင်တန်းများကို မတ်လ (၄) ရက်နေ့မှစတင်၍ ဖွင့်လှစ်သင်ကြားပို့ချပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူလေးများ ပျော်ရွှင်စွာတက်ရောက်လျက်ရှိကြောင်း သိရှိရသည်။

အဆိုပါနွေရာသီအခြေခံအားကစားသင်တန်းများတွင် တိုက်ကွမ်တိုသင်တန်း၊ စားပွဲတင်တင်းနစ် သင်တန်းနှင့် ဘောလုံးသင်တန်းများကို မိုးလုံလေလုံအားကစားရုံနှင့် မြို့နယ်ဘောလုံးကွင်း၌လည်းကောင်း၊ အေရိုးဗစ်သင်တန်းကို အမှတ် (၃) အခြေခံပညာအထက်တန်းကျောင်း၌လည်းကောင်း အသီးသီးဖွင့်လှစ်ပို့ချလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ (၄) ရက်နေ့မှ (၂၃) ရက်နေ့အထိ ကြာမြင့်မည်ဖြစ်ကြောင်း သိရှိရသည်။

စိုင်းအယ်ဘဲ