ဟင်္သာတ မတ် ၁၃
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းမှ ဟင်္သာတမြို့နယ်အတွင်းရှိ စာစစ်ဌာန (၁၃) ခုတွင် တက္ကသိုလ်ဝင်စာမေးပွဲ ဖြေဆိုကြသည့် ကျောင်းသား(၅၆၉)ဦး၊ ကျောင်းသူ (၇၉၁)ဦး၊ ပေါင်း(၁၃၆၀)ဦးတို့အား တစ်ဦးလျှင် (၂၅၀၀)ကျပ်နှုန်းဖြင့် ထောက်ပံ့ပေးအပ်ခဲ့သည်။
အဆိုပါထောက်ပံ့ငွေများကို တိုင်းဒေသကြီးဝန်ကြီးချုပ်ကိုယ်စား ဟင်္သာတခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ ဟင်္သာတတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာ သိင်္ဂီရွှေ၊ ဟင်္သာတခရိုင်ပညာရေးမှူး ဦးတိုးဝင်း၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဦးညွန့်ဆန်းထွန်းနှင့်တာဝန်ရှိသူများမှ မြို့ပေါ်နှင့်နယ်ကျောင်းများတွင် ဖွင့်လှစ်ထားသော စာစစ်ဌာနအသီးသီးရှိ ကြီးကြပ်ရေးမှူးများမှ တစ်ဆင့်ကျောင်းသား/သူများအား လက်ဝယ်အရောက် ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။
ခရိုင်ပြန်ဆက် (ဟင်္သာတ)