ကျိုက်မရော မတ် ၁၃
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ မြကုန်းကျေးရွာတွင် ရာသီအလိုက်ဟင်းသီးဟင်းရွက်မျိုးစုံစိုက်ပျိုးရောင်းချသူများ မိသားစုဝင်ငွေတိုးကာ အဆင်ပြေလျက်ရှိသည်။
ရာသီပေါ်ဟင်းသီးဟင်းရွက်မျိုးစုံ စိုက်ပျိုးရေးလုပ်ကိုင်သူများအနေဖြင့် မိမိတို့ခြံမြေများ၊ လယ်ယာမြေများပေါ်၌ မီးဖိုချောင်သုံးသီးနှံများဖြစ်သည့် ငရုတ်၊ ချဥ်ပေါင်ရွက်၊ ကန်ဇွန်း၊ ကြက်သွန်မိတ်၊ ကျောက်ဖရုံသီး၊ သခွားသီးစသည့် သီးနှံများအား စုံလင်အောင် စနစ်တကျစိုက်ပျိုးကြပြီး စိုက်ပျိုးသည့်အခါတွင်လည်း ဓာတုဓာတ်ကင်းအောင် Superဘိုကာရှီ
EM ဘိုကာရှီ၊ သဘာဝနွားချေးမြေဆွေးမြေသြဇာ များကိုသာ စနစ်တကျပြုလုပ်အသုံးချပြီး တူးမြောင်းရေဖြင့် ရေသွယ်စိုက်ပျိုးကာ စားသုံးသူများအန္တရာယ်မရှိစေရန် စိုက်ပျိုးကြကြောင်း တော်သူဦးသားကြီးက ပြောသည်။
ဟင်းသီးဟင်းရွက်များကို လတ်လတ်ဆတ်ဆတ်ခူး၍ မိမိကျေးရွာစျေးနှင့် မြို့စျေးများသို့ဖောက်သည်သွင်းရသည့်အပြင် ရပ်ကွက်အတွင်း၌လည်းဆိုင်ကယ် ဘေးတွဲယာဥ်ဖြင့် လှည့်လည်ရောင်းချပေးသည့် Mobile စျေးသည်များကိုပါ ပေါက်စျေးထက်လျော့ကာဖြန့်ပေးရသဖြင့် နေ့စဥ်မိသားစုအပိုဝင်ငွေရရှိလျက်ရှိကြောင်း သိရသည်။
ချိုမြတ်မြတ်ထွေး(ပြန်/ဆက်)