မင်္ဂလာတောင်ညွန့် မတ် ၁၃
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ်တွင် မြို့နယ် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၄ ခုနှစ် နွေရာသီအားကစားသင်တန်းများကို မတ်လ (၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။
မင်္ဂလာတောင်ညွန့်မြို့နယ်၌ ဖွင့်လှစ်သင်ကြားလျက်ရှိသော နွေရာသီအားကစားသင်တန်းများတွင် အခြေခံဘောလုံးသင်တန်းနှင့် ဟော်ကီသင်တန်းတို့ကို သိမ်ဖြူဟော်ကီအားကစားကွင်းနှင့် Fitness Dance သင်တန်းအားအမှတ် (၃) အခြေခံပညာအထက်တန်းကျောင်းတို့တွင် ဖွင့်လှစ်သင်ကြားပေးလျက်ရှိပါသည်။
အဆိုပါနွေရာသီအားကစားသင်တန်းများကို မတ်လ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရှိရပါသည်။
မြို့နယ် (ပြန်/ဆက်)