ပန်းတနော်မြို့နယ်တွင် ၂၀၂၄ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်သင်ကြားပေး

ပန်းတနော် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ အားကစားနှင့် ကာယပညာဦးစီးဌာနမှ ၂၀၂၄ ခုနှစ်၊ နွေရာသီ အခြေခံအားကစားသင်တန်းများကို အနောက်ပိုင်းရပ်ကွက် မြို့နယ်အားကစားခန်းမနှင့် (KZG) ဖူဆယ်ဘောလုံးကွင်း၌ မတ်လ ၁၀ ရက်မှ ဧပြီလ ၃ ရက်နေ့အထိ အခမဲ့ဖွင့်လှစ်သင်ကြားပေးလျက်ရှိသည်။

ထိုသို့ သင်တန်းများဖွင့်လှစ်သင်ကြားပေးခြင်းဖြင့် ကျောင်းသား၊ ကျောင်းသူ၊ လူငယ်လူရွယ်များ  အားကစားအပေါ် စိတ်ဝင်စားလာစေရန်၊ အားကစားနည်းများအား အခြေခံနည်းစနစ်တကျ တတ်မြောက်စေရန် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွက်လာစေရန် ရည်ရွယ်၍ သင်ကြားပေးရခြင်းဖြစ်ပြီး အဆိုပါသင်တန်းများတွင် ပိုက်ကျော်ခြင်း၊ ဘောလုံး၊ အေရိုးဗစ်၊ မြန်မာ့သိုင်း၊ ကြက်တောင် စသည့် အားကစားသင်တန်းများကို မတ်လ (၁၀)ရက်နေ့မှ ဧပြီလ (၃)ရက်နေ့အထိ အခမဲ့သင်ကြားပို့ချပေးလျက်ရှိရာ အားကစားစိတ်ပါဝင်စားသူများမှ လာရောက် လေ့လာသင်ယူလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော်(ပြန်/ဆက်)