ကန်ကြီးထောင့်မြို့နယ်၊ ရေချိုကုန်းကျေးရွာတွင် နိဗ္ဗာန်တံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကျင်းပ

ကန်ကြီးထောင့် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၊ ရေချိုကုန်းကျေးရွာအုပ်စု၊ ရေချိုကုန်း ကျေးရွာတွင် နိဗ္ဗာန်တံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီ မိနစ် ၄၀ အချိန်က ကျင်းပပြုလုပ်ခဲ့ရာ မြို့နယ်စီမံအုပ်ချုပ်‌ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

အခမ်းအနားတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင် (၁)တို့က နိဗ္ဗာန်တံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားဖွင့်ပွဲအခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြပြီး မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမြင့်အာင်က အဖွင့်အမှာစကား ပြောကြားခဲ့သည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင်(၁) ဗိုလ်မှူး ရဲနိုင်လွင်က နိဗ္ဗာန်တံတားဆောက်လုပ်မှုနှင့် ပတ်သက်၍ ကျေးဇူးတင်စကားပြောကြားခဲ့ပြီး ရေချိုကုန်းကျေးရွာအုပ်စု၊ ရေချိုကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးစန်းဌေးဦးက တံတားဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်လာသော တာဝန်ရှိသူများအား ကျေးဇူးတင်စကားနှင့် ဝမ်းသာပီတိစကားကို ပြောကြားခဲ့သည်။

ဆက်လက်၍ ရေချိုကုန်းကျေးရွာတံတာဖြစ်မြောက်ရေးကော်မတီဥက္ကဋ္ဌ ဦးအောင်ငြိမ်းက တံတား ဆောက်လုပ်မှုနှင့် ပတ်သက်၍ ရသုံးငွေစာရင်းများအား ရှင်းလင်းတင်ပြခဲ့ပြီး အဆိုပါ ကွန်ကရစ် တံတားအား ဖြစ်မြောက်ရေးအတွင် ပါဝင်လှူဒါန်းကြသာ အလှူရှင်များအား တာဝန်ရှိသူများက ဂုဏ်ပြုမှတ်တမ်းများအား အသီးသီးပေးအပ်ကြသည်။

အဆိုပါ နိဗ္ဗာန်တံတား (ကိုယ်ထူကိုယ်ထ) ကွန်ကရစ်တံတားအား ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂)ရက် နေ့တွင် စတင်အကောင်အထည်ဖော်ဆောင်ရွက်ခဲ့ပြီး ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၂၁)ရက်နေ့တွင် (၁၀၀)ရာခိုင်နှုန်း ဆောင်ရွက်ပြီးစီးခဲ့သည်။  အဆိုပါကွန်ကရစ်တံတာ၏ ထုထည်မှာ အလျား(၅၄)ပေ၊ အနံ (၁၂)ပေရှိပြီး ခံနိုင်ဝန်မှာ (၅)တန်ရှိပြီး ရေချိုးကုန်းကျေးရွာနှင့် စိုင်ခြံကျေးရွာအား ဆက်သွယ် ထားသော တံတားဖြစ်ရာ ကျေးရွာနေပြည်သူများအား များစွာအထောက်အကူဖြစ်စေသော တံတား ဖြစ်ကြောင်း သိရသည်။

ကျော်ဇင်စိုး (ပြန်/ဆက်)