ငပုတောမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ငပုတော မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်၌ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာန‌ဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့ နံနက်ပိုင်းက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးကျော်သူက မြတ်မော်တင်စွန်း စေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော် အောင်မြင်စွာကျင်းပနိုင်သည့်အတွက် အထူးပင် ကျေးဇူးတင်ရှိပါကြောင်း၊ စစ်မှုထမ်းဥပဒေဆိုင်ရာ အသိပညာပေးလုပ်ငန်းများနှင့်‌ ရွေးကောက်ပွဲ ဆိုင်ရာလုပ်ငန်းများအား ကျင်းပနိုင်ရေးအတွက် သက်ဆိုင်ရာအလိုက် ပူးပေါင်းပါဝင်ဆောင်ရွက် သွားကြရန်လိုကြောင်း၊ တည်ငြိမ်အေးချမ်းမှုကို ပျက်ပြားစေရန်အတွက် သတင်းတု သတင်း အမှားများကို ရေးသားဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိရ၍ ဖော်ထုတ်အရေးယူဆောင်ရွက် သွားကြ ရန်လိုကြောင်း၊ မိုးစပါးပန်းတိုင်အတွက်နှုန်း တိုးတက်အောင် ဆောင်ရွက်သွားကြရန်လိုကြောင်း၊ စိုက်ပျိုးရေးဆိုင်ရာ အသိပညာပေးလုပ်ငန်းများကို ကျယ်ကျယ်ပြန့်ပြန့်ဆောင်ရွက်ကြရန်လို ကြောင်း၊ ရေအခက်အခဲရှိသော ဒေသများတွင် ရေပေးဝေနိုင်ရေး ပူးပေါင်းပါဝင်ဆောင်ရွက်သွား ကြရန်လိုကြောင်း၊ ရွှေမြင်တင်စေတီတော်မြတ်ကြီး ရွှေသင်္ကန်းကပ်လှူနိုင်ရေး ပူးပေါင်းပါဝင် ဆောင်ရွက်သွားကြရန် လိုအပ်ကြောင်းနှင့် အခြားလိုအပ်သည်များကို ဖြည့်စွက်ပြောကြားသည်။

ဆက်လက်ပြီး အဖွဲ့ဝင် (၁) ဗိုလ်မှူး ရာဇာစိုးက လုံခြုံရေးဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးပြောကြားသည်။ ထို့နောက် သက်ဆိုင်ရာတာဝန်ရှိသူများက လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ တင်ပြလာမှုအပေါ် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

အောင်သူ (ပြန်/ဆက်)