မင်္ဂလာတောင်ညွန့်မြို့နယ်တွင် နွေရာသီ ယဉ်‌ကျေးလိမ္မာ သင်တန်းဖွင့်လှစ်သင်ကြားပေး

မင်္ဂလာတောင်ညွန့် မတ် ၁၃

ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ မင်္ဂလာတောင်ညွန့်မြို့နယ် အမှတ်(၈) အခြေခံပညာမူလတန်းကျောင်းတွင် နွေရာသီယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ (၁၁) ရက်နေ့မှ စတင်၍ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

ဉ်‌ကျေးလိမ္မာသင်တန်းကို ဆရာမ ဒေါ်အေးဇာနည်ဇော် လက်ထောက်မူလ​ တန်း(ပြ)က နံနက်(၉)နာရီမှ (၁၂)နာရီထိ သင်တန်းသား၊ သင်တန်းသူ(၂၆)ဦးအား သင်ကြား‌ပေးလျက်ရှိပါသည်။

အဆိုပါ သင်တန်းကို မတ်လ (၁၁)ရက်နေ့မှ မတ်လ(၂၀) ရက်နေ့အထိ ဖွင့်လှစ်သင်ကြား‌ ပေးသွားမည်ဖြစ်​ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)