ကျုံပျော်မြို့နယ်တွင် မိခင်ဝိုင်းများအတွက် မိဘအသိပညာပေး သင်တန်းဖွင့်လှစ်

ကျုံပျော် မတ် ၁၃

နိုင်ငံ၏ လူသားအရင်းအမြစ်ဖြစ်‌သည့် ကလေးများ၏ ဦးနှောက်ဖွံ့ဖြိုးမှု အကောင်းဆုံးအချိန်တွင် မိခင်ဝိုင်းများ၌ စနစ်တကျ ပြုစုစောင့်ရှောက်တတ်စေရန် ရည်ရွယ်၍ ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့နယ်၊ ငါးကျီးထူကျေးရွာအုပ်စု၊ ဆင်နှစ်ကောင်ကျေးရွာ အလယ်တန်းကျောင်းတွင် မိခင်ဝိုင်းများ အတွက် မိဘအသိပညာပေး သင်တန်းဖွင့်လှစ်ခြင်းကို ယမန်နေ့က စတင်‌ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထိုသို့ ဆောင်ရွက်ရာတွင် မြို့နယ်လူမှုဝန်ထမ်းဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဝေဝေလွင်၊ ဒုတိယဦးစီးမှူး ဒေါ်လဲ့ဝါလင်းနှင့် တာဝန်ရှိသူတို့က ဆင်နှစ်ကောင်ကျေးရွာ မိခင်ဝိုင်းရှိ ကလေးမိဘများအား ကလေးများ ကာယ၊ ဉာဏ၊ စာရိတ္တ ဘက်စုံဖွံ့ဖြိုးရေးကိစ္စများ၊ အားကစားဆောင်ရွက်မှု၊ မိခင်ဝိုင်းခေါင်းဆောင်၏ တာဝန်ဝတ္တရား၊ မိခင်ဝိုင်းတွင် ရှိသင့်သည့် အင်္ဂါရပ်၊ လိုက်နာရမည့် စည်းကမ်းချက်များ အပါအဝင် မိခင်ဝိုင်း ဖွံ့ဖြိုးရေး ကိစ္စရပ်များအား ၅ ရက်ကြာ သင်ကြားပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ကျုံပျော်မြို့နယ်တွင် ဆင်နှစ်ကောင်ကျေးရွာ“ မိခင်ရင်ခွင်သစ် မိခင်ဝိုင်း၊ “သရက်ကွဲကျေးရွာ” လှမေတ္တာ မိခင်ဝိုင်း” နှင့် ဖူလာကျေးရွာ “ရင်ခွင်သစ် မိခင်ဝိုင်း” စသည့် မိခင်ဝိုင်း (၃)ဝိုင်း ဖွင့်လှစ်ပြီး ကလေးငယ်များ၏ ဘက်စုံဖွံ့ဖြိုးရေးလုပ်ငန်းများ မြှင့်တင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)