ဇလွန်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ စာဖတ်ဝိုင်းပြုလုပ်

ဇလွန် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်း (Women Club) အဖွဲ့တို့ ပူးပေါင်း၍ စာရေး ဆရာ ​လွင်သူဦး၏ “တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ” စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယနေ့ နံနက် ၁၀ နာရီတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမြင့်သိန်းက စာပေဖတ်ရှုလေ့လာသည့် အလေ့အကျင့်များရရှိလာစေရန်၊ အစုအဖွဲ့များတွင် ပါဝင်ဆွေးနွေးနိုင်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ စာအုပ်စာပေဖတ်ရှုခြင်းဖြင့်  အသိပညာဗဟုသုတများ တိုးပွားစေရေး ရည်ရွယ်၍ စာဖတ်ဝိုင်းများ ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ရှင်းလင်းကြားခဲ့ ပြီး  မြို့နယ်စာအုပ်စာစောင် ချစ်မြတ်နိုးသူများ အသင်း (Women Club) အဖွဲ့ဝင်များက တိုင်းပြည်တည်ဆောက်ခြင်း အနုပညာစာအုပ်မှ တိုင်းပြည်တည်ဆောက်ခြင်း အနုပညာ၊ အသိ၊ သတိ၊ တာဝန်ရှိအကြာင်းအရာများကို ရှုထောင့်အမျိုးမျိုး၊ အမြင်အမျိုးမျိုးတို့ဖြင့် အသီးသီးပြန်လည်ဆွေးနွေးခဲ့ကြသည်။

ဝေယံ - ဇလွန် (ပြန်/ဆက်)