သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုလုပ်ငန်းများကို အထောက်အကူပြုနိုင်ရန် သုတေသနစာတမ်းရေးသားနည်းသင်တန်း ဖွင့်လှစ်

နေပြည်တော် မတ် ၁၃

ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအား သုတေသနနှင့် ဖွံ့ဖြိုးတိုးတက်မှုဆိုင်ရာလုပ်ငန်းများ (Research & Development) တွင် စနစ်တကျ ဆောင်ရွက်နိုင်စေရန်၊ သုတေသနပညာရပ်၏ အခြေခံသဘောတရားများကို အကျွမ်းတဝင်သိရှိစေရန်၊ သုတေသနပြုရာတွင် ခိုင်မာသည့်အချက်အလက်များအား စိစစ်ရွေးချယ်တတ်စေရန်နှင့် သုတေသနစာတမ်းတစ်စောင်အား ပုံစံတကျရေးတတ်စေရန် ရည်ရွယ်၍ သုတေသနစာတမ်းရေးသားနည်းသင်တန်းကို ယနေ့ မွန်းလွဲ (၁) နာရီအချိန်က Virtual စနစ်ဖြင့် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

အဆိုပါသင်တန်းတွင် မြန်မာရေးရာလေ့လာရေးအဖွဲ့မှ သုတေသနပညာရှင် ဦးကိုကို (ကိုကို−စက်မှုတက္ကသိုလ်) က သင်တန်းနည်းပြအဖြစ် သင်ကြားပေးခြင်းဖြစ်ကာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ သုတေသနနှင့်သတင်းအချက်အလက်ဌာနခွဲမှ အရာထမ်း၊ အမှုထမ်း (၁၅) ဦးတို့ တက်ရောက်သင်ကြားလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၁၃ ရက်နေ့မှ ၁၅ ရက်နေ့အထိဖြစ်ကြောင်း သိရသည်။

အဆိုပါသင်တန်းပြီးမြောက်ပါက သုတေသနလုပ်ငန်းနှင့် သက်ဆိုင်သည့် စွမ်းရည် (Research Skill)၊ ခွဲခြားစိစစ်နိုင်သည့် စွမ်းရည် (Analytical Skill) နှင့် စဉ်းစားတွေးခေါ်နိုင်မှုစွမ်းရည် (Critical Thinking Skill) များ တိုးတက်လာမည်ဖြစ်ကြောင်း သိရသည်။

ဇော်ဖြိုး(ပြန်ဆက်)