Skip to main content
Toggle navigation
Search
Search
Main navigation
မူလစာမျက်နှာ
သတင်းများ
အမြို့မြို့အနယ်နယ်သတင်းများ
ဝေးလံခေါင်ဖျားဒေသသတင်းများ
သတင်းဗီဒီယို
စာအုပ်စာစောင်များ
ပြည်သူ့စာကြည့်တိုက်
အမြို့မြို့အနယ်နယ်သတင်းများ
Breadcrumb
Home
မိုင်းခတ်၌ လူငယ်နှင့် အားကစားဆိုင်ရာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ပြုလုပ်
Mar 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်တွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်များ အားကစားဆိုင်ရာ အသိပညာဖွံ့ဖြိုးရေးနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယမန်နေ့ညနေ (၃) နာရီအချိန်က မြို့နယ်အားကစားခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
ထန်းတပင်မြို့နယ်၌ ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲစာအောင် သံဃာဆုပေးပွဲ ကျင်းပ
Mar 14,2024
ရန်ကုန်တိုင်းဒေသကြီး၊ ထန်းတပင်မြို့နယ် သံဃနာယကအဖွဲ့ ဆရာတော်ကြီးများမှ ကြီးမှူး၍ ကျင်းပပြုလုပ်သော ပရိယတ္တိသဒ္ဓမ္မဟိတကာရီ စာမေးပွဲတွင် အောင်မြင်တော်မူခဲ့ကြသည့် စာအောင်သံဃာများအား အောင်လက်မှတ်နှင့် ဆုများဆက်ကပ်ပွဲ အခမ်းအနားကို ယမန်နေ့ နေ့လယ်ပိုင်းက ဒိတ်ကုန်းကျေးရွာအုပ်စု၊ သရက်ခြံကျေးရွာရှိပညာ ပါရီဓမ္မရိပ်သာ ကျောင်းတိုက်ကြီးတွင် ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
နမ့်စန်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ဆောင်ရွက်
Mar 14,2024
ရှမ်းပြည်နယ်တောင်ပိုင်း၊ နမ့်စန်ခရိုင်၊ နမ့်စန်မြို့နယ်တွင် အပူဒဏ်ကာကွယ်ရေး အသိပညာပေးဟောပြောပွဲကို ယမန်နေ့ ညနေ ၃ နာရီခွဲက မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ Community Centre ခန်းမတွင် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
မင်းလှမြို့နယ် ပြည်သူ့ဆေးရုံတွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား သွေးတိုး၊ ဆီးချို၊ နှလုံးရောဂါများ စမ်းသပ်စစ်ဆေးကုသပေးခြင်း ဆောင်ရွက်
Mar 14,2024
မကွေးတိုင်းဒေသကြီး၊ သရက်ခရိုင်၊ မင်းလှမြို့နယ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ဆီးချို၊ သွေးတိုး၊ နှလုံးရောဂါစစ်ဆေးပေးခြင်းနှင့် အခမဲ့စစ်ဆေးကုသပေးခြင်းတို့ကို ယမန်နေ့နံနက် (၁၀) နာရီခွဲ က မင်းလှမြို့နယ် ပြည်သူ့ဆေးရုံအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ်တွင် တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲ ကျင်းပ
Mar 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ်တွင် မီးခိုးမြူငွေ့ဖုံးလွှမ်းမှုများမဖြစ်ပေါ်စေရေး တောမီးမရှို့ရန် အသိပညာပေးဟောပြောပွဲကို ယမန်နေ့ကအမှတ်(၄)ရပ်ကွက် အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ညောင်ဇစ်ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေး ဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေး
Mar 14,2024
မကွေးတိုင်းဒေသကြီး သရက်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများပူးပေါင်းအဖွဲ့က မြို့နယ်အတွင်း ကျေးလက်နေပြည်သူများ လူမှုစီးပွားဘဝ ဖွံ့ဖြိုးတိုးတက်စေ ရန်အတွက် ရပ်ရွာအေးချမ်းသာယာရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ အကောင်အထည်ဖော်ဆောင်ရွက်နိုင်ရေး အရှိန်အဟုန်မပျက် ကွင်းဆင်းဆောင်ရွက်လျက်ရှိရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဒုတိယအုပ်ချုပ်ရေးမှူးနှင့်အဖွဲ့သည် ယမန်နေ့ နေ့လယ် ၁ နာရီက ညောင်ဇစ်ကျေးရွာ ဘုန်းတော်ကြီးကျောင်းဓမ္မာရုံ၌ ညောင်ဇစ်ကျေးရွာဒေသခံပြည်သူများနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre)၌ စာဖတ်စွမ်းရည်ပြိုင်ပွဲ ပြုလုပ်
Mar 14,2024
မကွေးတိုင်းဒေသကြီး နတ်မောက်မြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ဘက်စုံသုံးခန်းမတွင် Youth Club နှင့်ပူးပေါင်း၍ ယမန်နေ့နံနက် (၉)နာရီအချိန်က စာဖတ်စွမ်းရည်ပြိုင်ပွဲ ကျင်းပခဲ့သည်။
အပြည့်အစုံ ဖတ်ရန်
မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ နေ့ဆွမ်းနှင့် အာဟာရဆွမ်းအတွက် အလှူငွေများ ဆက်ကပ်လှူဒါန်း
Mar 14,2024
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် ထေရဝါဒဗုဒ္ဓသာသနာပြု (ဗဟို)ကျောင်း၌ ဆရာတော်၊ သံဃာတော်များ၊ ယဉ်ကျေးလိမ္မာသင်တန်း တက်ရောက်နေသူများကို နေ့ဆွမ်း/နေ့လယ်စာနှင့် အာဟာရဆွမ်း/အာဟာရအစာများအတွက် အလှူငွေကျပ်(၃)သိန်းကို ယမန်နေ့က ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အပြည့်အစုံ ဖတ်ရန်
Pagination
First page
« First
Previous page
‹‹
…
Page
9333
Page
9334
Page
9335
Page
9336
Current page
9337
Page
9338
Page
9339
Page
9340
Page
9341
…
Next page
››
Last page
Last »
Copyright 2020
Information and Public Relation Department