ဇလွန်မြို့နယ်တွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက်ရိတ်သိမ်းပွဲကျင်းပ

ဇလွန် မတ် ၁၃

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ပြုလုပ်သော ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူဦးရွှေထူး၏ ကွင်းအမှတ် (၁၈၄၂)၊ ဦးပိုင် အမှတ် (၄၅/၂)တွင် ၂၀၂၃ - ၂၀၂၄ ခုနှစ် ဆောင်းနေကြာ Supersun - 41 (၈) ဧက စံပြကွက် စံကွက် ရိတ်သိမ်းခြင်းကို ယနေ့ နံနက် ၉ နာရီတွင် ပြုလုပ်ခဲ့သည်။

အဆိုပါ ဆောင်းသီးနှံ (နေကြာ) Super Sun - 41 စံပြကွက် စံကွက်ရိတ်သိမ်းပွဲသို့ ဟင်္သာတခရိုင် ဒုတိယခရိုင်အုပ်ချုပ်ရေးမှူး ဦးသူရိန်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးထွန်းထွန်းလင်းနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေး ကြီးကြပ်မှုကော်မတီဝင်များ၊ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲရေးနှင့် စာရင်းအင်းဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ်စိုက်ပျိုးရေးဦးစီး ဌာန ဦးစီးအရာရှိ ဦးနိုင်ကျော်စိုးနှင့် ဝန်ထမ်းများ၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် ဒေသခံ တောင်သူများ တက်ရောက်ကြပြီး ဖက်သောင်ကျေးရွာအုပ်စု အစုကြီးကျေးရွာ တောင်သူ ဦးရွှေထူး၏ လယ်မြေ (၈) ဧကတွင် ဆီထွက်သီးနှံ ဆောင်းနေကြာ စံပြကွက် စံကွက်ရိတ်သိမ်း ခဲ့ရာ တစ်ဧကလျှင် နေကြာ (၄၅) တင်းနှုန်းထွက်ရှိကြောင်း သိရသည်။

ဝေယံ-ဇလွန်(ပြန်/ဆက်)