ရေတာရှည် မတ်လ ၂၈
ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ရေတာရှည်မြို့နယ်၌ (၇၉)နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲနှင့် ဝန်ထမ်းအမျိုးသမီးများ ဖူဆယ်ဘောလုံးပြိုင်ပွဲကို ယမန်နေ့နံနက် (၉)နာရီအချိန်က မြို့နယ်မိုးလုံလေလုံ အားကစားရုံ နှင့် ဖူဆယ်ဘောလုံးကွင်းအတွင်း ပြုလုပ်သည်။
အဆိုပါ ပြိုင်ပွဲများကျင်းပရာ ဌာနပေါင်းစုံ ပိုက်ကျော်ခြင်းပြိုင်ပွဲတွင် အမျိုးသား ပြိုင်ပွဲဝင်အသင်း (၁၂ ) သင်းဖြင့် ပါဝင်ကြပြီး အသင်းအလှည့်ကျစနစ်ဖြင့် ယှဥ်ပြိုင်ကစားကြရာ အမှတ်ပေးဒိုင် အဖွဲ့အဖြစ် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးမှူးနှင့် ဝန်ထမ်းများက ဆောင်ရွက်ကြသည်။ ထို့ပြင် အမျိုးသမီးဖူဆယ်ဘောလုံးပြိုင်ပွဲသို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းအမျိုးသမီးများက အသင်း (၄)သင်းဖြင့် ယှဥ်ပြိုင်ကစားခဲ့ကြရာ ပြိုင်ပွဲဝင်အသင်းများအား မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးဥက္ကာသန်းနှင့် အဖွဲ့ဝင်များက ဆုများပေးအပ်ခဲ့ကြောင်း သိရသည်။
ရေတာရှည် (ပြန်/ဆက်)