မိုင်းယောင်း မတ် ၂၈
မြန်မာနိုင်ငံ၏ အရှေ့ဘက်အကျဆုံးမြို့ဖြစ်သည့် ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းခရိုင်၊ မိုင်းယောင်းမြို့နယ် မုန်းလိုက်အုပ်စု ပုံချိုကျေးရွာအနီးရှိ ပုံချိုချောင်းသို့ ယခုရက်ပိုင်းအတွင်း အပန်းဖြေသူများလာကြောင်း သိရသည်။
ပုံချိုချောင်းသည် မိုင်းယောင်းမြို့မှ သွားလာရာတွင် လွယ်ကူသည်ဖြစ်ရာ နှစ်စဉ် ဇန်နဝါရီလမှ ဧပြီလအထိ အပန်းဖြေသူ၊ အပူရှောင်သူအများအပြား လာရောက်လျက်ရှိသည်။ ထိုသို့ လာရောက်ရာတွင် မတ်လနှင့် ဧပြီလတွင် အများဆုံးဖြစ်ကြောင်း သိရသည်။
ထို့အတူ နမ့်ယောင်းချောင်း၊ နမ့်ခတ်ချောင်း၊ မုန်းလိုက်ချောင်းနှင့် နမ့်လွေချောင်းတို့တွင်လည်း အပန်းဖြေသူ၊ အပူရှောင်သူ အများအပြား လာရောက်လျက်ရှိကြောင်း သိရသည်။
စိုင်းအောင်ဇော်လင်း