ကြံခင်းမြို့နယ်တွင် စာဖတ်ဝိုင်းပြုလုပ်

ကြံခင်း မတ် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ ပူးပေါင်းပြီး မတ်လ ၂၆ ရက်နေ့ နံနက်ပိုင်းက စာရေးဆရာ မြဝင်း(ဒဿန) ရေးသားသော "ဘဝကိုပြောင်းလဲစေသော အဆုံးအမများ" စာအုပ်ဖြင့် စာဖတ်ဝိုင်းကျင်းပပြုလုပ်ခဲ့သည်။

စာဖတ်ဝိုင်းတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က  စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီးနောက်  မြို့နယ်မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်စန်းစန်းမြင့်က စာရေးဆရာ မြဝင်း (ဒဿန) ရေးသားသော "ဘဝကိုပြောင်းလဲစေသော   အဆုံးအမများ" စာအုပ်မှ ရတနာသုံးပါးကို မမေ့လျော့သင့်ကြောင်း ဘုရားဂုဏ်၊ တရားဂုဏ်၊ သံဃာဂုဏ်ကို ကြည်ညိုလေးစားကြရန်နှင့် နေ့စဉ်ဦးထိပ်ပန်ဆင်ကန်တော့ကြခြင်းဖြင့် ကိုယ့်ထက်အသက်ကြီးသူ၊ ဂုဏ်ကြီးသူတွေကိုလည်း ကြည်ညိုသောစိတ်များ ဖြစ်ပေါ်လာမှာဖြစ်ကြောင်းကို ဦးဆောင်ဆွေးနွေးသည်။

ထို့နောက် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များက "နေ့စဉ်ရိုကျိုး ရှိခိုးပူဇော်"၊ "ဘုရားဝတ်တက် မပျက်စေချင်" နှင့် "စိတ်ထားတတ်က ကုသိုလ်ရ" ခေါင်းစဉ်ပါ အကြောင်း အရာများကို ပူးပေါင်းဆွေးနွေးကြကြောင်းနှင့်  မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ အသိပညာပေးနံရံကပ်စာစောင်နှင့် သုတ/ရသစာအုပ်မျိုးစုံခင်းကျင်းပြသထားခြင်းအား စိတ်ပါဝင်စားစွာ ကြည့်ရှုလေ့လာကြကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)