(၇၉) နှစ်မြောက် တပ်မတော်နေ့ကိုဂုဏ်ပြုသောအားဖြင့် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကျင်းပ

တွံတေး မတ် ၂၈

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် (၇၉) နှစ်မြောက် တပ်မတော်နေ့ကို ဂုဏ်ပြုသောအားဖြင့် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာမှ ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ် ရန်ကုန်ဒေသကြီးအစိုးရအဖွဲ့၊ တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ရန်ပုံငွေဖြင့် ရာသီမရွေးသွာလာနိုင်သော ကွန်ကရစ်လမ်းသစ်အား ယမန်နေ့ မွန်တည် ၁၂ နာရီအချိန်က အဆိုပါလမ်းမုခ်ဦးရှေ့၌ ဖွင့်ပွဲအခမ်းအနားကျင်းပခဲ့ကြောင်း သိရသည်။

အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် အစိုးရအဖွဲ့ဝန်ကြီးများ တွံတေးခရိုင်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း၊ ခရိုင်များမှ ဌာနဆိုင်ရာများတက်ရောက်ခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်က စီမံကိန်းနှင့်ပတ်သက်၍ပြောကြားရာတွင် ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာန၏ မူဝါဒအနေဖြင့် ကျေးလက်လမ်း၊ တံတားဖွံဖြိုးတိုးတက်ပြီး ရေရှည်တည်တံ့အောင် ဆောင်ရွက်ပေးခြင်းဖြင့် ကျေးလက်နေပြည်သူများ၏ လူမှုစီးပွားဖွံဖြိုးတိုးတက်စေရေးနှင့် ၂၀၃၀ ခုနှစ်တွင် မြန်မာနိုင်ငံရှိ ကျေးရွာအားလုံး ၈၀% နှင့် နိုင်ငံအတွင်းရှိကျေးလက်လူဦးရေ၏ ၉၀% အပေါ် ရာသီမရွေး သွားလာနိုင်သော ကျေးလက်လမ်းများအဖြစ် အသုံးပြုနိုင်ရန် နှစ်စဥ်အဆင့်မြင့်တင် ဆောင်ရွက်နိုင်ရန်ရည်မှန်းချက်ဖြင့် တွံတေးမြို့နယ်တွင်လည်း ၂၀၁၇-၂၀၁၈ ဘဏ္ဍာနှစ်မှ၂၀၂၃-၂၀၂၄ ဘဏ္ဍာနှစ်အထိ ကွန်ကရစ်လမ်း (၆၇/၀.၈၆၄) မိုင်၊ ကတ္တရာလမ်း (၀/၄)မိုင်၊ ကျောက်လမ်း (၁၄/၃.၃၄၀၄) မိုင်၊ မြေသားလမ်း (၄၇/၀.၀၁) မိုင် စုစုပေါင်း (၁၂၉မိုင်)၊ ကွန်ကရစ်တံတား (၃၀) စင်း၊ Box Culvert (၅၀) စင်း ဆောင်ရွက်နိုင်ခဲ့ပြီး ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်တွင်လည်း ကွန်ကရစ်လမ်း (၁/၅.၄၇)မိုင်၊ ကွန်ကရစ်တံတား (၆)စင်း၊ Box Culvert (၃) စင်း ဆက်လက်ဆောင်ရွက်သွားမှာဖြစ်ကြောင်း၊ ယခုဖွင့်လှစ်သောကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်း ကွန်ကရစ်လမ်းမှာ မူလကမြေသားလမ်းဖြစ်ပြီး ကွန်ကရစ်ခင်းခြင်းကို (၀/၇မိုင်၊ အကျယ် ၁၄ ပေ၊ ထု ၇ လက်မ) ကို ခွင့်ပြုရန်ပုံငွေ (၄၆၀.၃၁၈) သန်းအား ၂၀၂၃-၂၀၂၄ ဘဏ္ဍာရေးနှစ် တိုင်းဒေသကြီး (ငွေလုံးငွေရင်း) ဘဏ္ဍာရန်ပုံငွေဖြင့် ဆောင်ရွက်ခဲ့ကြောင်း ပြောကြာခဲ့သည်။ ဆက်လက်၍ ခရမ်းဝကျေးရွာရပ်မိရပ်ဖဖြစ်သူ ဦးဟန်ဝင်းက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သိရသည်။

ယင်းနောက် တိုင်းဒေသကြီးအစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးစိုးသိန်းက ဒေသခံတောင်သူများနှင့် တွေ့ဆုံကာ စပါးစိုက်တောင်သူဦးကြီးများ လယ်မြေတွင် ကြဲခင်းထက် မျိုးစေ့ချကိရိယာ (Drum Seeder) ဖြင့် စိုက်ပျိုးနိုင်ရေးဆွေးနွေးခဲ့ပြီး လက်တွေ့စိုက်ပျိုးမှု အားကွင်းဆင်းလေ့လာခဲ့သူ ရေတွင်းကုန်းကျေးရွာမှ တောင်သူဦးမင်းမောင်မောင်က ဒေသခံတောင်သူများအား မိမိသွားရောက်လေ့သိရှိမှုအား ထပ်ဆင့်ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

ထို့နောက် ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်း ကွန်ကရစ် လမ်းသစ်ဖွင့်ပွဲကိုကျင်းပရာ ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ကျေးလက်လမ်းဖွံဖြိုးရေးဦးစီးဌာနညွှန်ကြားရေးမှူး (မြို့ပြ) ဦးသက်ဇော်၊ ရေတွင်းကုန်းကျေးရွာအုပ်ချုပ်ရေးမှူး ဦးမင်းမောင်မောင်တို့က အဆိုပါလမ်းဖွင့်ပွဲ မုခ်ဦးရှေ့၌ ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ပြီး ရန်ကုန်တိုင်းဒေသကြီးအစိုးအဖွဲ့၊ ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များနှင့်တာဝန်ရှိသူများ ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ် ထိလမ်း ကွန်ကရစ်လမ်းသစ်ပြီးစီးမှုအား ကြည့်ရှုစစ်ဆေးခဲ့ပြီး စုပေါင်းမှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးခဲ့ကြကြောင်း သိရသည်။

အဆိုပါ ကင်းရွာ-ခရမ်းကြီး-ခရမ်းဝ-ရေတွင်းကုန်း-ကွင်းပေါက်ချောင်းစပ်ထိလမ်းကွန်ကရစ်လမ်း ဖွင့်လှစ်နိုင်သည့်အတွက် အကျိုးပြုကျေးရွာ (၈) ရွာ၊ အိမ်ခြေ (၁၄၈၉) အိမ်၊ အိမ်ထောင်စု (၂၈၁၆) စု၊ လူဦးရေ (၅၉၅၇) ဦး၊ စာသင်ကျောင်း (၅) ကျောင်း၊ ကျောင်းသား၊ ကျောင်းသူ (၉၃၉) ဦးနှင့် စိုက်ပျိုးဧက (၁၃၇၄၆ ဧက) တို့ကို အကျိုးပြုသည့်အပြင် ကျေးလက်ထုတ်ကုန်များ သက်သာစွာဖြင့် စျေးကွက်သို့အမြန်ရောက်ရှိပြီး ကျေးလက်ပြည်သူများ၏ ပညာရေး၊ ကျန်းမာရေး၊ လူမှုရေးကိစ္စရပ်များအတွက် ကျေးလက်လမ်းကွန်ယက်များအသုံးပြု၍ လွယ်ကူစွာ သွားလာနိုင်တော့မည့်ဖြစ်ကြောင်း သိရသည်။

တွံတေးသား